TERMS OF USE
Last Updated – 12.5.2022
 
Sayarkyaung.com ၀က်ဆိုက်ဒ် နှင့် Mobile Application များကို အသုံးပြုရာတွင် အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အသုံးပြုသူအနေဖြင့် သဘောတူပါသည်။
 
(၁) အကောင့်
ကျွန်တော်တို့၏ ပလက်ဖောင်းများတွင် သင်ကြားသင်ယူမှုများပြုလုပ်ရန်၊ Educational Content များဝင်ရောက်ကြည့်ရှု့/ဖတ်ရှု့ရန် နှင့် အခြားသော Activities အများစုကိုဆောင်ရွက်ရန်အတွက် အသုံးပြုသူအနေဖြင့် အကောင့်တခု ပြုလုပ်ရန် လိုအပ်ပြီး၊ ၎င်းအကောင့် ပြုလုပ်ရာတွင် အီးမေလ်းလိပ်စာ၊ ဖုန်းနံပါတ် စသည့် တိကျသော အချက်အလက်များကို ပေးရမည် ဖြစ်ပါသည်။
 
(၂) Enrolment
ယေဘူရအားဖြင့် educational content တစ်ခုကို သင် Enrolment လုပ်ပြီးပါက ကျွန်တော်တို့သည် တစ်သက်တာ အသုံးပြုခွင့် (Lifetime Access) သို့မဟုတ် ကာလအပိုင်းအခြားတခုအထိ ကို ပေးထားပါသည်။ သို့သော် ၎င်း educational content သည် ဥပဒေအားဖြင့် လည်းကောင်း ပေါ်လစီ တစ်ခုခုကြောင့် သော်လည်းကောင်း ငြိစွန်းလာနိုင်သည့် အခါမျိုးတွင် သာ ၎င်းကို ပိတ်ရမည် ဖြစ်သည်။ တသက်တာ အသုံးပြုခွင့် (Lifetime Access) သည် Course Content ကိုသာ ပေးခြင်း ဖြစ်ပြီး Instructor ကို ပေးထားခြင်း မဟုတ်ပါ။ ထို့အတွက် Instructor သည် မည်သည့်အချိန်တွင် မဆို Q&A ဝန်ဆောင်မှု နှင့် သင်ထောက်ကူဝန်ဆောင်မှုကို ရပ်နားပိုင်ခွင့်ရှိသည်။
သင်တန်းတခုတွင် သင်ကြားထားသော Content များသည် ခေတ်ကာလ နှင့် ကိုက်ညီမှု မရှိတော့ပါက သို့မဟုတ် သင်ယူပြီးစီးသည့်အခါ လက်တွေ့အသုံးချနိုင်ခြင်း မရှိနိုင်တော့ပါက ၎င်း Content များကို Enrolment ပြုလုပ်ခဲ့ပြီးသော သူများထံ ကြိုတင်အကြောင်းကြားခြင်း ပြုလုပ်၍ ဖျက်သိမ်းသွားမည်။
 
(၃) အသက်
Enrolment လုပ်ချိန်တွင် ထိုလူသည် အသက် (၁၆) နှစ် နှင့် အထက် ဖြစ်ရမည်။ ဖော်ပြပါအသက်ကန့်သတ်ချက်ထက်ငယ်ပါက မိဘ (သို့မဟုတ်) အုပ်ထိန်းသူတဦး၏ ခွင့်ပြုချက် လိုအပ်ပါသည်။
 
(၄) ပေးချေမှု
ကျွန်တော်တို့ထံသို့ သင်၏ သင်တန်းကြေးများကို ပေးချေသောအခါ သင့်အတွက် လွယ်ကူစေရန် အတွက် Payment Gateway နည်းလမ်းများစွာ ဖန်တီးပေးထားပြီး ပေးချေမှုများကို မြန်မာကျပ် ဖြင့် ကောက်ခံသွားပါမည်။
 
(၅) သင်တန်းကြေးသတ်မှတ်ချက်
Educational content တစ်ခုအား စျေးနှုန်းသက်မှတ်ရာတွင် Instructor Terms နှင့် Promotions Policy များအားဖြင့် ဆုံးဖြတ် သက်မှတ်ပါသည်။
 
(၆) ဘာသာစကား
မြန်မာနိုင်ငံအတွင်းရှိ လူတိုင်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် နှင့် သင်ကြား/သင်ယူမှု စနစ်များ အရိုးရှင်းဆုံးဖြစ်စေရန်အတွက် မြန်မာ၊ အင်္ဂလိပ်ဘာသာ (၂) မျိုးဖြင့် ဆောင်ရွက်သွားပါမည်။
 
(၇) Course Page Error များ
ဖြစ်ပေါ်လာနိုင်သည် System Error များကို ကျွန်တော်တို့၏ Quality Management Process များမှ အမြန်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။
 
(၈) Server Availability, Apps and Data Storage
ကျွန်တော်တို့၏ Back-end Databases နှင့် Application များကို ရရှိနိုင်သော အကောင်းဆုံး Server Infrastructure များပေါ်တွင် တင်ထားပါသည်။ သို့သော် ဖြစ်တောင့်ဖြစ်ခဲ လိုင်းကျခြင်းများ ၊ မမျှော်လင့်ထားနိုင်သော ရန်သူမျိုး (၅) ပါးကြောင့် ပျက်စီးမှု တစုံတရာ ဖြစ်ပေါ်ပါက ရက်သတ္တပါတ် တပါတ်အတွင်း ပုံမှန်ဖြစ်အောင် ဆောင်ရွက်သွားပါမည် ဖြစ်ပြီး၊ ၎င်းအတွက် သင်တန်းကြေး ပြန်အမ်းငွေ (No Refund) ကို ဆောင်ရွက်ပေးသွားမည် မဟုတ်ပါ။
 
(၉) အလုပ်တခုရရှိရန် အာမခံချက်မရှိပါ
သင်ကြားသူနှင့် သင်ယူသူများကြား အဆင်ပြေချောမွေ့စေမည့် စနစ်တခုကို သာအကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး၊ တက်ရောက်သည့် သင်တန်းများပြီးစီးသည့်နောက် အလုပ်များရရှိလိမ့် မည်ဟု အာမခံထားခြင်း မရှိပါ။
 
(၁၀) Refund ပေါ်လစီ
သင်ယူသည့်အခါ စိတ်တိုင်းမကျသော သင်တန်းများကို ပေးချေမှုပြုလုပ်သည့် နေရက်မှ စတင်၍ ရက်ပေါင်း (၃၀) အတွင်း Refund Request တင်နိုင်ပြီး ကျွန်တော်တို့၏ Refund Policy ပါအတိုင်းပြန်ပေးပါသည်။ ဖော်ပြပါဖြစ်စဉ် နှင့် အချို့သော ပုံမှန်မဟုတ်သည့် ဖြစ်စဉ်များမှလွဲ၍ ပေးချေမှုကို လက်ခံရရှိပြီးသည်နှင့် sayarkyaung.com သည် သင်တန်းကြေးများ ကို ပြန်အမ်းသွားမည် မဟုတ်ပါ။
 
(၁၁)  Cookies
sayarkyaung.com ၏ Privacy Policy နှင့် အညီ Cookies များ အသုံးပြုမှုကို သင် သဘောတူပါသည်။