PRIVACY POLICY

Last Updated –28.7.2021

 

Sayarkyaung သို့ ပူးပေါင်း ဝင်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ Sayarkyaung မှ ကျွန်တော်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာ များကို လေးစာသမှု ရှိပြီး သင်နှင့်ပတ်သက်သော အချက်အလက်များကို ဘယ်လို စုဆောင်းရမည် နှင့် ဘယ်လိုမျှ ဝေရမည်ကို သင်အား ကောင်းစွာ နားလည်စေချင်ပါသည်။ ဤ Privacy Policy သည် ကျွန်တော်တို့၏ အချက်အလက်ကောက်ခံခြင်း အလေ့အကျင့် နှင့် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင်အနေဖြင့် အသုံးပြုခြင်း၊ ပြင်ဆင်ခြင်း နှင့် ကန့်သတ်ခြင်း စသည့် သင်၏ အခွင့်အရေးကို ခြုံငြုံထားပါသည်။

ဤ Privacy Policy သည် သင်သည် Sayarkyaung ဝက်ဆိုက်ဒ်၊ Mobile Applications များ နှင့် အခြားသော သက်ဆိုင်ရာ ဝန်ဆောင်မှုများ (Services) ကို အသုံးပြုသည့်အခါ တွင် သက်ရောက်မည် ဖြစ်သည်။

 

၁။ ကျွန်တော်တို့ ရရှိသောအချက်အလက်များ

ကျွန်တော်တို့သည် သင်ကိုယ်တိုင် ထည့်သွင်းလိုက်သော အချက်အလက်များ၊ educational content များအပေါ် သင်၏ အချိန်၊ သင်တန်းကြေး သုံးစွဲမှု အချက်အလက်များ နှင့် Sayarkyaung နှင့် ချိတ်ဆက်ရန် သင့်အသုံးပြုသော တတိယအဖွဲ့အစည်း ပလက်ဖောင်းမှ အချက်အလက်များကို စုဆောင်းပါသည်။ ကျွန်တော်တို့သည် သင်အသုံးပြုသော Device နှင့် ပက်သတ်သော အချက်အလက်များ နှင့် ကျွန်တော်တို့၏ ဘယ်ဝန်ဆောင်မှု အပိုင်းကို သင့်အနေဖြင့် အသုံးပြုသည် သို့မဟုတ် အချိန်ပေးသည် ဆိုသည့် အချက်အလက်များအချို့ကိုလည်း အလိုအလျောက် ကောက်ခံပါသည်။

 

၁.၁ ကျွန်တော်တို့ထံ သင်ထောက်ပံ့သောအချက်အလက်များ

ကျွန်တော်တို့သည် ဝန်ဆောင်မှုများကို သင်မည်သို့ အသုံးပြုသည်အပေါ်တွင် မူတည်၍ ကွဲပြားသော သင်နှင့် ပက်သတ်သည့် အချက်အလက်များကို ကောက်ခံနိုင်ပါသည်။ အောက်တွင် ဖော်ပြပါသော ဥပမာများသည် ကျွန်တော်တို့ မည်သည့်အချက်အလက်များကို ကောက်ခံသည်ကို သင်ရှင်းရှင်းလင်းလင်း မြင်တွေ့ရမည် ဖြစ်သည်-

သင်သည် အကောင့် တစ်ခုကို ဖွင့်လိုက်ပြီး တတိယအဖွဲ့အစည်း ပလက်ဖောင်း အားဖြင့် ကျွန်တော်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသောအခါ၊ အောက်တွင်ဖော်ပြထားသော အချက်အလက်များကို ကျွန်တော်တို့ တိုက်ရိုက် ကောက်ခံပါသည်-

အကောင့်အချက်အလက်

အချို့သော Web Application အင်္ဂါရပ်များ (educational content များကဲ့သို့) ကို အသုံးပြုရန် သင်သည် အကောင့်သစ်တစ်ခုကို ဖွင့်ရန် လိုအပ်သည်။ ၎င်း အကောင့်သစ်ကို သင်ဖွင့်သောအခါ သင်၏ အီးမေလ် လိပ်စာ၊ လျှို့ဝှက်နံပါတ်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ စိတ်ဝင်စားသော စကေးများ၊ လိင်အမျိုးအစား၊ လူမျိုး၊ ဘာသာ၊ မှတ်ပုံတင်အမှတ်၊ သင်၏ ဓါတ်ပုံ၊ အသက်၊ မွေးနေ့ နှင့် အကောင့် ချိန်ညှိမှု နှင့် သီးခြားဖြစ်သော unique identifying number (Account Data) စသည့် သင်ထည့်သွင်းလိုက်သော အချက်အလက်များကို ကောက်ခံပြီး သိမ်းဆည်းပါသည်။

ကိုယ်ရေးအချက်အလက်

ဓါတ်ပုံ၊ ခေါင်းစီး၊ ကိုယ်ရေးအချက်အလက်၊ ဘာသာ၊ သင်၏ ဝက်ဆိုက်ဒ် လင့်၊ Social Media အချက်အလက် နှင့် အခြားသော အချက်အလက် များကို ရွေးချယ်ပြီး ထောက်ပံ့ပေးနိုင်သည်။ သင်၏ ကိုယ်ရေးအချက်အလက်များ ကို Sayarkyaung ကို အသုံးပြုသော အခြားသူများမှ မြင့်တွေ့နိုင်မည် ဖြစ်သည်။

မျှဝေထားသော အကြောင်းအရာများ

ကျွန်တော်တှိ့၏ ဝန်ဆောင်မှုအစိတ်အပိုင်း အချို့သည် သင် educational content များနှင့် ပက်သတ်ပြီး တင်ထားသည့် Review များ၊ မေးခွန်း နှင့် အဖြေများ၊ အခြားသော သင်ယူသူများ Learners နှင့် Instructor များသို့ ပေးပို့သော စာတိုများ သို့ ဓါတ်ပုံများ သို့ သင်တင်လိုက်သော အခြားသော အကြောင်းအရာများ ကို အခြားသော အသုံးပြုသူများမှ မြင်တွေ့ရမည် ဖြစ်သည်။

Educational Content အချက်အလက်များ

Educational Content တစ်ခုကို သင်ဝင်ရောက်အသုံးပြုတဲ့အခါ ကျွန်တော် တို့သည် မည်သည့် Content၊ Assignments၊ Labs၊ Workspaces နှင့် မေး/ဖြေ များကို သင်စတင်သည်/ပြီးဆုံးသည် ဆိုသည့် အချက်အလက်များ၊ ပေးချေမှု များ နှင့် Credits များ၊ Subscriptions များ၊ ပြီးမြောက်ကြောင်း Certificates များ၊ Instructor၊ Teaching Assistant နှင့် အခြားသော သင်ယူသူများ နှင့် အပြန်အလှန် ဆက်သွယ်မှုများ၊ စကားပြေများ၊ မေးခွန်းများ နှင့် အဖြေများ၊ နှင့် သင်တန်းပြီးစီးရန် တင်ပြထားသော သက်ဆိုင်ရာ လိုအပ်ချက်များ ကို ကောက်ခံပါသည်။ Instructor တစ်ယောက်ဖြစ်ပါက ကျွန်တော် တို့သည် Educational content များတွင် ပါဝင်သော သင်နှင့် ပက်သတ်သော အချက်အလက်များကို ကောက်ခံပါသည်။

Learner များမှ ပေးချေ မှု အချက်အလက်

ပေးချေမှုတစ်ခုကို သင်ဆောင်ရွက်ပါက ကျွန်တော်တို့သည် သင် အော်ဒါ ကို အတည်ပြုဆောင်ရွက်ရန် သင်၏ ပေးချေမှုဆိုင်ရာ အချက်အလက်များကို ကောက်ခံပါသည်။ သင်သည် အမည်၊ Credit Card အချက်အလက်၊ Billing Address နှင့် Zip Code စသည်တို့ အပါအဝင် အခြားသော သင်အသုံးပြုလိုသည့် Payment Service Provider မှ လိုအပ်သော အချက်အလက်များကို ထောက်ပံ့ပေးရမည် ဖြစ်သည်။ လုံခြုံရေးအတွက်  Sayarkyaung သည် Credit Card နံပါတ် အပြည့်အစုံ သို့မဟုတ် Card စစ်မှန်ကြောင်း အထောက်အထားပြခြင်း Authentication ဆိုင်ရာ အချက်အလက်များ စသည့် အရေးကြီးသည့် အချက်အလက်များကို ကောက်ခံခြင်း၊ သိမ်းဆည်းထားခြင်း မရှိပါ။

Instructor များအတွက် ပေးချေမှု အချက်အလက်

သင်က Instructor တစ်ယောက်ဖြစ်ပါက Sayarkyaung မှ ထောက်ပံ့ပေးနိုင်သော Payment Method အားလုံး နှင့် သင့် အကောင့်များကို ချိတ်ဆက်ထားနိုင်ပါသည်။ သင်၏ Payment Account မှ Email Address, Account ID, နေရပ်လိပ်စာ သို့ အခြားသော လိုအပ်သည့် အချက်အလက်များကို သင့်အကောင့်အတွင်းသို့ သင်တန်းကြေး ပေးချေမှုများ ထည့်ပေးနိုင်ရန် အတွက် ကောက်ခံပါသည်။

အခြားသော ဝန်ဆောင်မှု များပေါ်မှ သင့်အကောင့် ၏ အချက်အလက်များ

Sayarkyaung ကို အသုံးပြုရန် အတွက် သင်၏ Social Media သို့ အခြားသော အွန်လိုင်းအကောင့် များကို အသုံးပြုရာတွင် ကျွန်တော်တို့သည် အချို့သော အချက်အလက်များကို ကောက်ခံပါသည်။ အကယ်၍ သင်သည် Sayarkyaung တွင် အကောင့်ဖွင့်ရန် အတွက် အခြားသော တတိယအဖွဲ့အစည်း ပလက်ဖောင်းများ ဖြစ်သည့် Facebook သို့ အခြားသော ပလက်ဖောင်း များကို အသုံးပြုပါက ထို အခြားအကောင့်များ နှင့် ပက်သတ် သည် အချက်အလက်များကို အသုံးပြုခွင့် အား သင့်ထံမှ တောင်းဆိုမည် ဖြစ်သည်။ ၎င်းအချက်အလက်များမှာ အမည်၊ Profile Picture၊ Account ID၊ Login Email Address, တည်နေရာ၊ လိင်အမျိုးအစား၊ မွေးနေ့ နှင့် list of friends သို့ contacts တို့ ဖြစ်ပါသည်။

Communication & Support

အကယ်၍ သင်သည် Support လုပ်ရန် ဖြစ်ဖြစ် ပြဿနာ တစ်ခုခုကို Report လုပ်ရန်ဖြစ်ဖြစ် ကျွန်တော်တို့ကို ဆက်သွယ်လာသည် ဆိုပါက (Sayarkyaung တွင် အကောင့်ဖွင့်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ) ကျွန်တော်တို့သည် အမည်၊ အီးမေလ်၊ စာတို၊ တည်နေရာ၊ sayarkyaung user ID၊ refund transaction ID နှင့် အခြားသော သင်ထောက်ပံ့သော အချက်အလက်များကို အလိုအလျောက် စနစ်ဖြင့် ကောက်ခံပြီး သိမ်းဆည်းထားမည် ဖြစ်သည်။ အလိုအလျောက် ကောက်ခံသိမ်းဆည်းသည့် အချက်အလက်များကို အောက်တွင် ဖော်ပြထား ပါသည်။ ၎င်း အချက်အလက်များကို ဤ Privacy Policy နှင့် အညီ သင်အား တုံ့ပြန်မှု ပေးနိုင်ရန်၊ သင်၏ မေးခွန်း သို့မဟုတ် ထင်မြင်ချက်အပေါ် လေ့လာနိုင်ရန် အတွက် အသုံးပြုသွားမည် ဖြစ်သည်။

အထက်ဇယားပါ အချက်အလက်များသည် သင်အကောင့် နှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အသုံးပြုရန် ကျွန်တော်တို့မှ သိမ်းဆည်းထားမည့် အချက်အလက်များဖြစ်သည်။

 

၁.၂ အလိုအလျောက်စနစ်ဖြင့် ကျွန်တော်တို့ သိမ်းဆည်းသော အချက်အလက်များ

သင်သည် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှု့သောအခါ (Browsing Content အပါအဝင်) ကျွန်တော်တို့ သည် အချို့သော အချက်အလက်များကို အလိုအလျောက်စနစ်ဖြင့် ကောက်ခံပါသည်။ ဒါတွေကတော့-

အထက်ဇယားပါ အချက်အလက်များကို အောက်တွင် အသေးစိတ်ဖော်ပြထားသည့် Cookies and Data Collection Tools များအားဖြင့် ကောက်ခံပါသည်။ အချက်အလက်များသည် သင်အကောင့် နှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အသုံးပြုရန် ကျွန်တော်တို့မှ သိမ်းဆည်းထားမည့် အချက်အလက်များ ဖြစ်သည်။

System Data

IP Address, Device အမျိုးအစား၊ OS အမျိုးအစား နှင့် ဗားရှင်း၊ Browser၊ Domain၊ နှင့် အခြားသော နည်းပညာဆိုင်ရာ အချက်အလက်များ

Usage Data

Educational content များသို့ ဝင်ရောက်မှု၊ Course Page သို့ Web Page များတွင် သုံးခဲ့သော အချိန်၊ ဝင်ရောက်ခဲ့သော စာမျက်နှာများ၊ အသုံးပြုခဲ့သော အင်္ဂါရပ်များ၊ သင်၏ ရှာဖွေမှုများ၊ ကလစ် နှိပ်ခဲ့သော အချက်အလက်များ၊ နေ့ရက် အချိန် နှင့် အခြားသော ဝန်ဆောင်မှု နှင့် ပက်သတ်ပြီး သင်၏ အပြန်အလှန် ပြုမူဆောင်ရွက်ချက်များ ဆိုင်ရာ အချက်အလက်များ

Approximate Geographic Data

IP Address အပေါ်မူတည်၍ နေရာ၊ ဒေသ၊ မြို့၊ geographic coordinates များ အပါအဝင် အနီးစပ်ဆုံး Geographic Data အချက်အလက်များ

၂။ သင်နှင့်ပက်သတ်သော အချက်အလက်များကို ကျွန်တော်တို့ ဘယ်လိုယူသလဲ?

Cookies နှင့် Web Beacons များကို အသုံးပြု၍ အထက်ဖော်ပြပါ အချက်များကို သင်ထံမှ ကျွန်တော်တို့ ကောက်ခံပါသည်။

 

၂.၁ Cookies and Data Collection Tools

ကျွန်တော်တို့သည် Cookies များကို Sayarkyaung အပါအဝင် ဝက်ဆိုက်ဒ်များပေါ် သင်၏ ဆောင်ရွက်ချက်များကို ကောက်ခံ၊ သိမ်းဆည်း ရန် နှင့် မျှဝေရန် အတွက် အသုံးပြုပါသည်။ ၎င်းတို့သည် သင်၏ Sayarkyaung သို့ သင်၏ ဝင်ရောက်လည်ပတ်မှု၊ သင်၏ ကြိုက်နှစ်သက်သော သင်တန်းများ၊ အကြောင်းအရာ များ နှင့် သင်အတွက် ကျွန်တော်တို့ ဝက်ဆိုက်ဒ် ကို ပိုမို လွယ်ကူစွာ ဝင်ရောက် အသုံးပြုနိုင်ရန် အတွက် ကျွန်တော်တို့အား ခွင့်ပြုပါသည်။ Cookies များ အကြောင်း ပိုမိုသိလိုပါက https://cookiepedia.co.uk/all-about-cookies တွင်ဝင်ရောက်ကြည့်ရှ့နိုင်သည်။

 

၂.၂ ဘာကြောင့် Data Collection Tools များကို အသုံးပြုရသလဲ?

Sayarkyaung သည် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတွက် Data Collection Tools များကိုအသုံးပြုသည်-

  • Strictly Necessary- Data Collection Tools များသည် သင်ကို website ကို ဝင်ရောက်ခြင်း ၊ အခြေခံ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ခြင်း (ဝင်ရောက်ခြင်း သို့ အကြောင်းအရာများ ရယူခြင်း ကဲ့သို့ )၊ website ကို လုံခြုံစေခြင်း၊ လိမ်လည် ဝင်ရောက်မှုများကို ကာကွယ်ခြင်း၊ အနိုင်ကျင့်ခြင်း နှင့် သင့်အကောင့်ကို ခွင့်မပြုထားသော အသုံးပြုခြင်း များမှ ကာကွယ်ခြင်းတို့ကို ပေးစွမ်းပါသည်။ ၎င်းတို့သည် ကျွန်တော်တို့မှ သင့်အား ဝန်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ရန် လိုအပ်ပါသည်။ ဒါကြောင့် သင်သာ ၎င်းတို့ကို ပိတ်ထားပါက website  အစိတ်အပိုင်းအချို့ သည် ပျက်စီးခြင်း သို့မဟုတ် အသုံးပြု၍ မရခြင်းတို့ ဖြစ်နိုင်ပါသည်။
  • Functional - Data Collection Tools များသည် သင်၏ Browser နှင့် သင်၏ အကြိုက် ချိန်ညှိမှုများ နှင့် သက်ဆိုင်သော အချက်အလက်များ၊ သင်နှင့် သက်ဆိုင်သော Educational Content များကို သာ ဦးစားပေးဖော်ပြခြင်း၊ နှင့် သင်ချိန်ညှိထားသော Website အသွင်အပြင်တို့ကို မှတ်မိစေပါသည်။
  • Performance – Data Collection Tools များသည် Usage နှင့် Performance အချက်အလက်များကို ထောက်ပံ့ခြင်း၊ ဝင်ရောက်လည်ပတ်မှုကို ရေတွက်ခြင်း၊ Traffic Sources များ သို့ လုပ်ဆောင်ချက် တစ်ခုကို မည်သည့်နေရာမှ ဒေါင်းလုပ်လုပ်သည် တို့ကို တိုင်းတာရန် နှင့် တိုးတက်စေရန် ကူညီပါသည်။ ဤ Tools များသည် မည်သည့် Sayarkyaung ၏ အင်္ဂါရပ်များ သို့ content များကို အသုံးပြုသူများမှ ပိုမို ကြိုက်နှစ်သက်သည် သိစေရန် နှင့် မည်သည့် Email Massages များကို ဖွင့်ကြသည် ကို သိရှိစေပါသည်။
  • Advertising – Data Collection Tools များကို သက်ဆိုင်သော ads များကို (website နှင့် အခြားသော sites များ) ပေါ်တွင် သင်၏ အသုံးပြုမှု နှင့် System အချက်အလက်များ နှင့် ကျွန်တော်တို့၏ ads service providers များ မှ ၎င်းတို့၏ Tracking data များအပေါ် အခြေခံ၍ သင်ထံ ပေးပို့ပါသည်။ ads များသည် သင်၏ နောက်ဆုံးပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များ သို့ အခြားသော sites နှင့် ဝန်ဆောင်မှုတွင် ဆောင်ရွက်ခဲ့ဖူးသော လုပ်ဆောင်ချက်များ အပေါ် အခြေခံပါသည်။
  • Social Media – Data Collection Tools များသည် Sayarkyaung ၏ content များကို သူငယ်ချင်းများ နှင့် သင်၏ ကွန်ရက် တွင် မျှဝေခြင်း ကဲ့သို့သော Social Media အင်္ဂါရပ်များကို ဆောင်ရွက်ရန် ကူညီပေးပါသည်။ ဤ Cookies များသည် အသုံးပြုသူ၏ အကြိုက်များကို မှတ်သားထားနိုင်ပြီး ဦးတည်ချက်ထားသော ကြော်ငြာ လုပ်ငန်းဆောင်တာများ တွင် အသုံးပြုပါသည်။

 

၃။ သင်၏အချက်အလက်များကို ဘာအတွက် အသုံးပြုပါသလဲ?

ကျွန်တော်တို့သည် သင်၏အချက်အလက်များကို ကျွန်တော်တို့၏ ဝန်ဆောင်မှုများ ထောက်ပံ့ပေးရာတွင် လည်းကောင်း၊ သင်နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ Troubleshoot Issues များတွင်လည်းကောင်း၊ မသမာမှု နှင့် အနိုင်ကျင့်မှုများ မှ လုံခြုံမှုပေးခြင်း တွင်လည်းကောင်း၊ ကျွန်တော်တို့ ၏ ဝန်ဆောင်မှုကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကျွန်တော်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသူများ မည်သို့ အသုံးပြုသည်ကို လည်းကောင်း၊ သီးခြားသတ်မှတ်ချက်များ ပါသော ကြော်ငြာများ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုပါသည်။

 

ဝန်ဆောင်မှုများကို သင်အသုံးပြုမှုမှနေ၍ အချက်အလက်များကို ကျွန်တော်တို့ ကောက်ခံပြီး အောက်ပါ တို့ကို ဆောင်ရွက်ရန် ဖြစ်သည်-

  • Educational content များတွင် ပါဝင်ခြင်းကို အဆင်ပြေ ချောမွေ့စေရန်၊ ပြီးမြောက်ကြောင်း Certificate ထုတ်ပေးရန်၊ စိတ်ကြိုက်ပြင်ဆင်ထားသော content များကိုသာ ဦးစားပေး ပြသရန် နှင့် အခြားသော အသုံးပြုသူများ နှင့် ဆက်သွယ်ဆောင်ရွက်ရေးကို ချောမွေ့စေရန် အတွက်တို့ အပါအဝင် ဝန်ဆောင်မှုများကို ပေးရန် နှင့် စီမံခန့်ခွဲရန်
  • Instructor နှင့် အခြားသော တတိယအဖွဲ့အစည်းများကို ပေးချေမှုများ ဆောင်ရွက်နိုင်ရန်
  • Educational content များ၊ ထုတ်ကုန်များ နှင့် အခြားသော အထူးဝန်ဆောင်မှုများ၊ အချက်အလက်များ နှင့် အင်္ဂါရပ်များအတွက် သင်၏ တောင်းဆိုမှု အော်ဒါ ကို ဆောင်ရွက်နိုင်ရန်
  • သင့်အကောင်နှင့်ပက်သတ်၍အောက်ပါနည်းလမ်းများအတိုင်းသင်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်သင်၏မေးခွန်းများနှင့်ထင်မြင်ချက်များကိုတုံ့ပြန်ခြင်း
    • Instructor များ၊ သင်ယူသူများ နှင့် Teaching Assistant များ ထံမှ စာတိုများ၊ ကျွန်တော်တို့၏ ဝန်ဆောင်မှုတွင် ပြောင်းလဲချက်များ၊ နှင့် ကျွန်တော်တို့၏ သဘောတူညီချက်များ တွင် ပြောင်းလဲချက်များ အပါအဝင် အချက်အလက်များကို သင့်ထံပေးပို့ခြင်း
    • သင်၏ အတန်း တွင် သင်၏တိုးတက်မှု နှင့် သက်ဆိုင်ရာ content များ၊ ဝန်ဆောင်မှုအသစ်များ၊ အင်္ဂါရပ်သစ်များ၊ ပရိုမိုးရှင်းများ၊ newsletters များ နှင့် အခြားသောရရှိနိုင်သော Instructor မှ ဖန်တီးထားသော Content များ နှင့် ပတ်သက်၍ သင်ထံအီးမေလ်းဖြင့်လည်းကောင်း၊ စာတိုဖြင့် လည်းကောင်း ပေးပို့ခြင်း
    • သင်၏ wireless device သို့  update နှင့် အခြားသော သက်ဆိုင်ရာ စာတိုများ ကို notification များဖြင့် ပေးပို့ခြင်း
  • သင်၏အကောင့် နှင့် အကောင့်၏ ဦးစားပေးချက်များ ကို စီမံခန့်ခွဲခြင်း
  • Troubleshooting နှင့် ပြဿနာများကို ဖြေရှင်းခြင်း၊ ဝန်ဆောင်မှုများကို လုံခြုံစေခြင်း နှင့် မသမာမှု များ နှင့် အနိုင်ကျင့်မှုများမှ ကာကွယ်ခြင်းတို့ အပါအဝင် နည်းပညာဆိုင်ရာ အင်္ဂါရပ်များ၊ ဝန်ဆောင်မှုများကို ချောမွေ့စေရန်
  • အသုံးပြုသူများထံမှ တုံ့ပြန်ချက်များကို တောင်းခံရန်
  • ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ စစ်တမ်းများ နှင့် ပရိုမိုးရှင်းများအတွက် စျေးကွက်ချဲ့ထွင်ရန်
  • တတိယအဖွဲ့အစည်း ပလက်ဖောင်းများထံမှ ထပ်တိုးအချက်အလက်များ နှင့် သင်၏ အချက်အလက်များကို ချိတ်ဆက်ခြင်းအားဖြင့် သင်အကြောင်းကို လေ့လာရန် နှင့်/သို့ Analytics Services Provider များအသုံးပြု၍ အချက်အလက်များကို စိစစ်လေ့လာခြင်း
  • အလားအလာရှိသော အသုံးပြုသူများကို ဖော်ထုတ်ခြင်း
  • စျေးကွက်ချဲ့ထွင်ခြင်း နှင့် အခြားသော ကြော်ငြာကိစ္စများအတွက် အသုံးပြုခြင်း
  • ခေတ်ရေစီးကြောင်း၊ Traffic၊ ပေးချေမှုများ နှင့် အချက်အလက်များအသုံးပြုမှု များကို စိစစ်လေ့လာခြင်း
  • တတိယအဖွဲ့အစည်း website များ နှင့် application များတွင် ဝန်ဆောင်မှုများကို ကြော်ငြာခြင်း

 

၄။ သင်၏အချက်အလက်များကို မည်သူတွေကိုမျှဝေပါသလဲ?

ကျွန်တော်တို့သည် သင်၏အချက်အလက်များကို Instructor များ၊ အခြားသော သင်ယူသူများ၊ ကျွန်တော်တို့အတွက် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများ၊ Sayarkyaung ၏ affiliates များ၊ ကျွန်တော်တို့၏ စီးပွားရေးတွဲဖက်များ၊ analytics and data enrichment provider များ၊ သင်၏ Social Media Providers များ၊ ပရိုမိုရှင်း နှင့် စာရင်းကောက်ခံခြင်းတို့ကို​ဆောင်ရွက်သော ကုမ္ပဏီများ နှင့် ကျွန်တော်တို့၏ ဝန်ဆောင်မှုများကို ကြော်ငြာပေးခြင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ နှင့် မျှဝေပါသည်။ နောက်ဆုံးအနေဖြင့် သင်၏ ခွင့်ပြုချက်ကို ရရှိပါက အခြားသောနည်းလမ်းများဖြင့် မျှဝေခွင့် ရှိသည်။

ကျွန်တော်တို့သည် အောက်ဖော်ပြပါ အခြေအနေများဖြင့် သော်လည်းကောင်း သို့မဟုတ် ဤ Privacy Policy တွင် ဖော်ပြထားသည့် တစ်နည်းနည်းဖြင့် သော်လည်းကောင်း သင်၏အချက်အလက်များကို တတိယအဖွဲ့အစည်းများ နှင့် မျှဝေနိုင်ပါသည်-

  • သင်၏ Instructor နှင့် - သင်ပေးချေသော သို့မဟုတ် သင်ဝင်ရောက်သော educational content များအတွက် Instructor များ နှင့် Teaching Assistant များအား သင်နှင့်ပက်သတ်၍ (အီးမေလ်းလိပ်စာ မှ အပ) အချက်အလက်များကို မျှဝေပါသည်။ ဒါမှသာ သင် နှင့် အခြားသော သင်ယူသူများ အတွက် ၎င်းတို့၏ content များကို တိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါသည်။ ဤအချက်အလက်များတွင် သင်၏ နေရပ်၊ ဒေသ၊ Browser အမျိုးအစား၊ OS အမျိုးအစား၊ Device ချိန်ညှိထားမှုများ၊ Sayarkyaung သို့ မည်သို့  ရောက်ရှိလာသည်၊ နှင့် Sayarkyaung အတွင်းသင်၏ လုပ်ဆောင်ချက်များ တို့ပါဝင်ပါသည်။
  • အခြားသောသင်ယူသူများ၊ Instructor များနှင့် - သင်၏ချိန်ညှိမှု Setting အပေါ်မူတည်၍ အခြားသော သင်ယူသူများ နှင့် Instructor များ ထံတွင် သင်၏ မျှဝေထားသော Content များ နှင့် Profile အချက်အလက်များသည် မြင်တွေ့ရမည်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ Instructor သို့ Teaching Assistant ကို မေးခွန်း တစ်ခု မေးထားပါက သင်၏အချက်အလက်များ (သင်အမည် အပါအဝင်) သည် အခြားသူများမှ မြင်တွေ့ရနေမည် ဖြစ်သည်။
  • Service Provider, Contractors, Agent များနှင့် - Payment Process များ၊ မသမာမှု နှင့် အနိုင်ကျင့်မှု ကာကွယ်ခြင်း ဝန်ဆောင်မှုများ၊ အချက်အလက်များ စိစစ်လေ့လာခြင်း ဝန်ဆောင်မှုများ၊ မာကတ်တင်း နှင့် ကြော်ငြာဝန်ဆောင်မှုများ၊ အီးမေလ်း နှင့် Hosting ဝန်ဆောင်မှု များ၊ Customer Services and Support ဝန်ဆောင်မှုများကို Sayarkyaung ကိုယ်စား ဆောင်ရွက်သည့် Service Provider တတိယအဖွဲ့အစည်းများ အား သင်၏အချက်အလက်များကို မျှဝေသည်။
  • Sayarkyaung’s Affiliates များနှင့် - ကျွန်တော်တို့အတွက် ဝန်ဆောင်မှုများ ပေးသော အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် ကုမ္ပဏီအဖွဲ့အစည်းများ နှင့် သင်၏အချက်အလက်များကို မျှဝေနိုင်သည်။
  • Analytics and Data Enrichment Services များနှင့် - Google Analytics ကဲ့သို့သော တတိယအဖွဲ့အစည်းများ နှင့် သင်၏အချက်အလက်အချို့ဖြစ်သော အကောင့်ပါအချက်အလက် များ၊ System အချက်အလက်များ၊ အပိုဒ် (၁) ပါ Usage Data များ ကို မျှဝေပါသည်။ ကျွန်တော် တို့သည် သင်နှင့် ပိုမိုကောင်းမွန် ထိရောက်သော၊ သင့်အတွက် သီးသန့် ပြင်ဆင်ထားမှု ပုံစံများ ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ၎င်း Provider များ သုံး၍ စိစစ်လေ့လာခြင်း များ ဆောင်ရွက်ရခြင်း ဖြစ်သည်။
  • Social Media Features များ နှင့် - ဝန်ဆောင်မှုများထဲတွင် Social Media ၏ အင်္ဂါရပ်များ (Facebook Like Button ကဲ့သို့) သည် ၎င်း တတိယအဖွဲ့အစည်း ကို သင်၏ IP လိပ်စာ၊ မည်သည့် ဝန်ဆောင်မှု စာမျက်နှာများကို ဝင်ရောက်ကြည့်ရှု့သည် စသည့် အချက်အလက်များကို ကောက်ခံပြီး ၎င်း အင်္ဂါရပ်များအား သုံးနိုင်ရန် အတွက် cookie တစ်ခုကို တည်ဆောက်ပါလိမ့်မည်။
  • သင်၏ခွင့်ပြုချက် နှင့်  - သင်၏ခွင့်ပြုချက် နှင့် အတူ ကျွန်တော်တို့သည် ဤ Privacy Policy ၏ နယ်ပယ်တွင် မပါဝင်သော တတိယအဖွဲ့အစည်းများ နှင့် အချက်အလက်များကို မျှဝေနိုင်ပါသည်။

 

၅။ လုံခြုံရေး

ကျွန်တော်တို့သည် ယခုလို အရေးကြီးသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သိမ်းဆည်းရန် အတွက် သင့်လျော်သော လုံခြုံမှု စနစ်ကို အသုံးပြုထားပါသည်။ သို့သော် အင်တာနက်အခြေခံ စနစ်တိုင်းတွင် အမြဲလိုလို ခွင့်မပြုပဲ ဝင်ရောက်မှု Unauthorized access များသည် ရှိစမြဲဖြစ်သည်။ ထို့အတွက် သင်၏ လျှို့ဝှက်နံပါတ် Password ကို သိမ်းဆည်းရန် အရေးကြီးပြီး အကယ်၍ ၎င်းကဲ့သို့ ဖြစ်ရပ် သင့်အကောင့် တွင် ရှိသည်ဟု သံသယရှိပါက ကျွန်တော်တိုကအား ဆက်သွယ်ပါ။

 

၆။ သင်၏အခွင့်အရေး

သင်သည် သင်၏အချက်အလက်များကို အသုံးပြုရာတွင် ပရိုမိုးရှင်း အီးမေလ်းများကို ငြင်းပယ်နိုင်ခြင်း၊ Cookie များကို ငြင်းပယ်နိုင်ခြင်း၊ တတိယအဖွဲ့အစည်းများမှ သင်၏အချက်အလက်များကို ကောက်ခံခြင်းတို့ကို ငြင်ပယ်နိုင်ခြင်း စသည့် သင်၏အခွင့်အရေး အပြည့်အ၀ ရှိပါသည်။ အချိန်မရွေး သင်သည် ကျွန်တော်တို့၏ ဝန်ဆောင်မှုအတွင်း သင်၏အကောင့်ကို update လုပ်ခြင်း၊ ဖျက်သိမ်းခြင်း နှင့် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပက်သတ်ပြီး သီးခြားတောင်းဆိုချက်များအတွက် ကျွန်တော်တို့ထံ ဆက်သွယ်နိုင်ပါသည်။

 

၇။ မွမ်းမံမှုများ နှင့် ဆက်သွယ်ခြင်း

ဤ ပေါ်လစီ နှင့် ပက်သက်၍ အပြောင်းအလဲများ မွမ်းမံမှုများ ဖြည့်စွက်ချက်များ ပြုလုပ်ရာတွင် သင့်ထံသို့ အီးမေလ်းကနေသော်လည်းကောင်း၊ ဖုန်းစာတိုကဖြင့်သော်လည်းကောင်း၊ website ကနေသော်လည်း ကောင်း၊ အခြားနည်းလမ်းများဖြင့် သော်လည်းကောင်း အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။ မွမ်းမံ ပြောင်းလဲမှုများသည် ၎င်းတို့ကို တင်လိုက်သော နေ့ရက်မှ စတင်၍ အကျုံးဝင် သက်ရောက်မှု ရှိပါသည်။ မည်သည့်မေးခွန်း၊ ထင်မြင်ချက် သို့  ယူဆချက်များကိုမဆို အီးမေလ်းအားဖြင့် ကျွန်တော်တို့ ထံ ဆက်သွယ်နိုင်ပါသည်။