Sayar Kyaung's Blog

We share experience, knowledge, encouragement, productivity, and management tips here to bring users from their comfort zone to their learning zone.

Latest blogs

Essential Tools On Google Earth

Created by - Kyaw Soe Linn

Essential Tools On Google Earth

Historical Imagery ပထမဆုံးသင်ခန်းစာအနေကို Historical Imagery ဖြင့် စတင်ပါမည်။ Historical Imagery Tool သည် မှန်ကန်တဲ့ အခြေအနေမျိုးမှာ အသုံးပြုလျှင် လွန်စွာအသုံးတည့် တဲ့ Tool တစ်ခု ဖြစ်ပါသည်။ ၎င်းဟာ အချိန်နှင့်အမျှ မြေပြင်အနေအထား ပြောင်းလဲသွားမှု ကို လေ့လာနိုင်ပါတယ်။ ဥပမာ အနေဖြင့် ရန်ကုန်မြို့ မှာရှိတဲ့ Junction Square နှင့် Time City တည်ဆောက်သွားတဲ့ အဆင့်ဆင့်ကို Historical Imagery Tool အသုံးပြုပြီး လေ့လာကြည့်နိုင်ပါတယ်။ Historical Imagery က Tool Bar ထဲက အောက်ပါရုပ်ပုံပါ Tool ဖြစ်ပါတယ်။ Click ပြုလုပ်ပါက Screen ၏ ဝဲဘက်အပေါ်တွင် Timeline ကို ရွေးချယ်ပြီး ကြည့်ရှု့ နိုင်မည် ဖြစ်ပါသည်။ ရည်ရွယ်ချက် Junction Square ကို Google Earth တွင် ရှာဖွေရန် နှင့် နှစ်အလိုက်/လအလိုက် ပြောင်းလဲသွားပုံကို လေ့လာနိုင်ရန် အတွက်ဖြစ်ပါသည်။   လုပ်ဆောင်ပုံအဆင့်ဆင့် ၀ဲဘက် အပေါ်ထောင့်ရှိ Search Box တွင် “Junction Square” ဟုစာရိုက်ပြီး ရှာဖွေပါ။ JS ကိုမြင်တွေ့ ရပြီဆိုလျှင် Tool Bar ရှိ “Show Historical Imagery” Tool ကိုရွေးချယ်ပြီးပါက     ပုံတွင်ပြထားသည့်အတိုင်း Scroll Bar တစ်ခု ကို မြင်ရမည်ဖြစ်ပါသည်။ ၎င်း Scroll Bar ကို အသုံးပြီးပြီး နှစ်အလိုက်၊ လအလိုက်၊ နေ့အလိုက် မြေပြင်အနေအထား  မပြောင်းလဲမှီ နှင့် ပြောင်းလဲပြီးပုံများ ကို ကြည့်ရှု့ နိုင်ပါသည်။ JS မှမဟုတ်ပဲ အခြားကိုယ်စိတ်ကြိုက်နေရာများအား ရှာဖွေပြီး Historical Imagery Tool ကိုအသုံးပြု၍ မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားပုံများကို ကြည့်ရှု့ ပြီး လေ့ကျင့်ကြည့်ပါ။   Placemark ဖန်တီးခြင်း Placemark ကို Google Earth တွင်များစွာအသုံးပြုနိုင်ပြီး အဓိကအားဖြင့် အသုံးပြုသူ စိတ်ဝင်စားသော နေရာများကို မှတ်သားရာတွင် အသုံးပြုပါသည်။ ဥပမာအားဖြင့် အသုံးပြုသူ စိတ်ဝင်စားသော စီမံကိန်း နေရာပဲ ဖြစ်ဖြစ်၊ ဟိုတယ် (၁) လုံး၏ တည်နေရာပဲဖြစ်ဖြစ် မှတ်သားထား နိုင်ပါသည်။ ကိုယ်ပိုင်ဖန်တီးမှတ်သားထားသော Placemark မဟုတ်ပဲ၊ Google Earth တွင် ရှိပြီးသား Placemark တစ်ခုကို Click ပြုလုပ်ပါက ၎င်း Placemark ၏ အချက်အလက်များ၊ ပုံများ၊ ဖွင့်လှစ်ချိန်များ၊ ဗီဒီယိုဖြင့် ဖော်ပြချက်များ၊ လိပ်စာများ၊ Review များ အစရှိသည်ဖြင့် တွေ့ မြင်ရမှာ ပဲဖြစ်ပါသည်။ လုပ်ဆောင်ပုံအဆင့်ဆင့် Search Box မှာ Junction Square ကိုရှာဖွေပါ။ Tool Bar ထဲမှ အောက်ဖော်ပြပါပုံပါအတိုင်း Add a Placemark ကိုရွေးချယ်ပါ။ ထို့နောက် New Placemark Window တစ်ခုပေါ်လာတာကို Fig 5 ပါအတိုင်းမြင်တွေ့ရမယ် ဖြစ်ပြီး ၎င်း Window မှာ သင့်ရဲ့ Placemark ရဲ့ အချက်အလက်များ ထည့်သွင်းရမှပဲ ဖြစ်ပါသည်။ Untitled Placemark အား သင်ကြိုက်နှစ်သက်ရာ နံမည်တစ်ခု ပြောင်း လဲရေးသားပါ။ ကျွန်တော်ကတော့ JS ရှေ့က ပန်းခြံလေးကို ထောက်ပြီး “Recreation Park” လို့ ရေးလိုက်ပါတယ်။ ၎င်း Window ကို ခဏထားပြီး Window အပြင်ဖက် မှာ ပေါ်လာတဲ့ အဝါရောင် Pin အား Left Click ထောက်ပြီး မိမိလိုချင်သော နေရာသို့ ပြောင်းရွှေ့ပါ။ ကျွန်တော်ကတော့ ရေပန်းအပေါက်ရှိ တဲ့ လမ်းထောင့်ဘက်ကို ရွှေ့ လိုက်ပါတယ်။ ပြီးတော့ OK နှိပ်လိုက်ပါ။  အကယ်၍ သင်ဖန်တီးခဲ့တဲ့ Placemark ကို ပြန်လည်ပြုပြင်ချင်ပါက လုပ်ဆောင်နိုင်သော နည်းလမ်းများရှိပါတယ်။ မြေပုံမှာ ပေါ်နေတဲ့ ၎င်း Placemark ကို right-click ထောက်၍သော် လည်းကောင်း၊ Side Bar အတွင်းရှိ ၎င်း Placemark ကို right-click ထောက်၍သော်လည်းကောင်း  ပြန်လည်ပြင်ဆင်နိုင်ပါသည်။ နံမည်ပဲ ချိန်းချင်ပါက right-click ထောက်၍ Rename ဖြင့် ပြောင်းလဲ နိုင်ပါသည်။ Placemark ကို နေရာချိန်းချင်ပါက Placemark Window ကို ဖော်ပြီးမှသာလျှင် ချိန်းနိုင်မည်ဖြစ်ပါသည်။ အကယ်၍ Placemark ၏ symbol ကို ပြောင်းလဲချင်ပါက Placemark Window ၏ ညာဘက်အပေါ်ထောင့် တွင်ရှိသော အဝါရောင် Pin Icon ကို ထောက်ပြီး Fig 6 ပါအတိုင်း ပြောင်းလဲနိုင်ပါသည်။ Pin Symbol ကို Default ပါဝင်သော Icon များပြောင်းလဲအသုံးပြုနိုင်ပြီး၊ Scale၊ Color ၊ Opacity များကို စိတ်ကြိုက် ပြောင်းလဲနိုင်ပါသည်။ အကယ်၍ သင်သည် သင့်စိတ်ကြိုက် Icon ကို ရွေးချယ်ထည့်သွင်းလိုပါက “Add Custom Icon” ကိုရွေးချယ်ပြီး မိမိကွန်ပြူတာအတွင်းရှိ PNG ဖိုင်များကို ထည့်သွင်းနိုင်ပါသည်။ Placemark တခုအား ဖော်ပြချက် ရေးသားခြင်း Edit Placemark Window ထဲမှ ရှိတဲ့ Description Tab အတွင်းမှာတော့ သင့်ရဲ့ Placemark နဲ့ ပတ်သက်တဲ့ စာသားများ၊ အသံများ၊ ဗီဒီယိုများ၊ ဓါတ်ပုံများ များကို ထည့်သွင်းနိုင်ပါတယ်။ Link များ၊ image URL များ နှင့် ကိုယ်ပိုင်ပုံများလဲ ထည့်သွင်းထားနိုင်ပါသည်။ ဒီထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကို သင့် မြေပုံကို Navigate ပြုလုပ်စဉ် ၎င်း Placemark ကို click ပြုလုပ်ခြင်း အားဖြင့် ကြည့်ရှု့ နိုင်မှပဲ ဖြစ်ပါတယ်။ ဘေးနားက Style/Color Tab ထဲမှာတော့ Label နဲ့ Icon ကို Edit လုပ်နိုင်မှာပဲ ဖြစ်ပါသည်။ အခုဆိုရင်တော့ သင်ဟာ သင်အခုပဲ ဖန်တီးလိုက်တဲ့ Placemark ထဲကို အချက်အလက်အချို့ ထည့်သွင်းနိုင်ပြီပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဓါတ်ပုံများထည့်သွင်းခြင်း အကယ်၍ သင့်သည် သင့် Placemark အတွက် Link ချိတ်စရာ Online Image မရှိဘူးဆိုပါက၊ သင့်၏ ကွန်ပြူတာထဲမှာရှိသော ကိုယ်ပိုင်ဓါတ်ပုံများကို ထည့်သွင်းနိုင်ပါသည်။ သင့်ဖန်တီးထားတဲ့ Placemark ရဲ့  Edit Placemark Window ကို ဖွင့်ပြီး Add Local Image ကို Click လုပ်ပါ။ သင့်ကွန်ပြူတာဖိုင်ထဲမှ ထည့်သွင်းလိုသော ဓါတ်ပုံကို select ပြီး OK ကို နှိပ်ပါ။ ကျွန်တော်ကတော့ ခုနဖန်တီးခဲ့တဲ့ Recreation Park Placemark ထဲကို ၎င်းနှင့်သက်ဆိုင်သော ပုံတစ်ပုံ ထည့်သွင်းလိုက်ပြီး၊ မြေပုံတွင် Placemark ကို Click လုပ်ပါက မိမိတင်ထားသော ဓါတ်ပုံနှင့်အတူ Fig 8 တွင်ဖော်ပြသည့်အတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်။ Menu Bar - Add Tab မှ ဓါတ်ပုံများထည့်သွင်းခြင်း မြေပုံပေါ်တွင် ဓါတ်ပုံကို ထည့်သွင်းဖော်ပြလိုပါက အောက်တွင်ဖော်ပြထားသည့်အတိုင်း Menu Bar- Add Tab ထဲဝင်ပြီး Photo ကို ရွေးချယ်ပါ။ New Photo Overlay Window ပေါ်လာမှာ ဖြစ်ပါတယ်။ Browse မှ တဆင့် သင့်စိတ်ကြိုက် ဓါတ်ပုံကို ရွေးချယ်ထည့်သွင်းပါ။ ထိုနောက် navigation bar သို့မဟုတ် Keyboard/Mouse အသုံးပြု၍ သင်လိုချင်သော Eye-Altitude ကို ရွေးချယ်ပြီး OK ကို နှိပ်ပါ။ ကျန်တဲ့ Setting တွေကို Default အနေအထားဖြင့်သာ ထားပြီး ကျွမ်းကျင်သွားပါက လေ့ကျင့်ကြည့်ပါ။ Image Overlay ထည့်သွင်းခြင်း မြေပုံပေါ်မှာ ဥပမာအားဖြင့် သင့်စီမံကိန်း ကို နေရာချထားကြည့်ချင်တယ်ဆိုရင်တော့ သင့် Project Top View ကို Google Earth ပေါ်မှာ Image ဖိုင်ဖြင့် Image Overlay ကို အသုံးပြုပြီး ထည့်သွင်းနိုင် ပါသည်။ အောက်ဖော်ပြထားသည့်အတိုင်း Add Menu > Image Overlay သို့ဝင်ရောက်ပြီး မိမိတင်လိုသော Image ကို ရွေးချယ်ထည့်သွင်းပြီး မြေပုံတွင် ပေါ်လာသော Image အကွက် အား Mouse သို့မဟုတ် Touchpad အသုံးပြုပြီး တည်နေရာရွှေ့ပြောင်းခြင်း၊ စကေးချုံ့ ခြင်း၊ ချဲ့ ခြင်း၊ Rotate ပြုလုပ်ခြင်းတို့ ကို အသုံးပြီးပြီး မိမိ ထည့်သွင်းလိုသော နေရာကို ရွေးချယ်ပါ။ စိတ်ကြိုက် ချိန်ညှိပြီးပါက OK ကို နှိပ်ပါ။ Polygon များရေးဆွဲခြင်း Google Earth ရဲ့ အကောင်းဆုံး Feature တစ်ခု ဖြစ်တဲ့ Polygon Tool ကို အသုံးပြုပြီး မိမိလိုချင်သော မြေနေရာ၏ ဧရိယာများ၊ Parameter များ အား အလွယ်တကူတိုင်းတာ ပုံထုတ်နိုင် ပါတယ်။ Tool Bar > Add Polygon ကိုရွေးချယ်ပါက Edit New Polygon Window ကျလာမှဖြစ်ပြီး၊ မြေပုံတွင် ပေါ်လာမည့် လေ့ထောင့်ပုံ Cursor ကို အသုံးပြုပြီး မြေပုံတွင် ကိုယ် တိုင်းတာလိုသော မြေနေရာ အနားသတ်လိုင်းအတိုင်း Polygon တစ်ခုကို ရေးဆွဲပါ။ ကျွန်တော်ကတော့ Junction Square ဧရိယာကို ဥပမာအနေဖြင့် တိုင်းတာမှာပဲ ဖြစ်ပါတယ်။ Polygon နံမည် တစ်ခုပေးပြီး Style/Color Tab တွင် Parameter Line Color, Opacity, Width အားလည်းကောင်း၊ Area Color ကို Opacity တို့ကို စိတ်ကြိုက် ပြင်ဆင်ကြည့်ပါ။ ပြီးပါက OK ကိုနှိပ်ပါ။ Add Link, Add web Image, Add Local Image အစရှိသည့် Tool များကို Placemark သင်ခန်းစာတွင် ပါဝင်သည့်အတိုင်း ထည့်သွင်းနိုင်ပါသည်။   Measurement များတိုင်းကြည့်ခြင်း သင့်ရေးဆွဲခဲ့သော Polygon များ၏ အတိုင်းအတာများကို ကြည့်ရှု့ ချင်ပါက Edit Polygon Window ကို ဖွင့်ပြီး Measurements Tab တွင် Parameter နှင့် Area များအတွက် Unit စုံစုံလင်လင် ဖြင့် ပြောင်းလဲကြည့်ရှု့ နိုင်မည် ဖြစ်ပါသည်။ အကယ်၍ သင်က ရေးဆွဲထားသော Polygon ကို Edit ပြုလုပ်ချင်ပါက Edit Polygon Window ကို ဖွင့်ထားရမည်ဖြစ်ပြီး မြေပုံပေါ်ရှိ Polygon အနားသတ်ရှိ အနီရောင် အစက်လေးများရှိသော  ထောင့်များကို Cursor ထောက်ပြီး Drag ပြုလုပ်၍ စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။ နောက်ထက် အမှတ်များ ထည့်သွင်းလိုပါက/နောက်ထက် ထောင့်များ ထည့်သွင်းလိုပါက ထည့်သွင်းလိုသော  နေရာတွင် Click ပြုလုပ်ရုံသာ ဖြစ်ပြီး၊ ပိုနေသော/မလိုသော Point များ ဖျောက်ချင်ပါက ဖျက်လိုသော Point ပေါ်တွင် Right-Click ပြုလုပ်၍ ဖျက်နိုင်ပါသည်။ Path လမ်းကြောင်းများရေးဆွဲခြင်း Google Earth တွင် လမ်းကြောင်း တစ်ခု ကို ရေးဆွဲနိုင်ပြီး၊ မိမိသွားမည် ခရီး၊ လမ်းလျှောက်ရမည့် အတိုင်းအတာများ စသည်တို့ ကို တိုင်းတာနိုင်ပါသည်။ Tool Bar ထဲမှ “Add Path” ကိုရွေးချယ် ပြီး မြေပုံပေါ်တွင် စိတ်ကြိုက်လမ်းကြောင်း တစ်ခုကို ဆွဲပါ။ ဥပမာအားဖြင့် အောက်ပုံတွင်ပြထားသည့်အတိုင်း Point A မှ Point B သို့ လမ်းကြောင်းတစ်ခု ဖြင့် ရေးဆွဲပြထားပါသည်။ Line Color, Add Link, Add web Image, Add Local Image အစရှိသည့် Tool များကို Placemark သင်ခန်းစာတွင် ပါဝင်သည့်အတိုင်း ထည့်သွင်းနိုင်ပါသည်။ Measurement Tab တွင် မိမိ ဖန်တီးထားသော Path လမ်းကြောင်း၏ အလျှားကို Unit စုံစုံလင် လင်ဖြင့် ကြည့်ရှု့ နိုင်ပါသည်။   Evaluation များတိုင်းတာခြင်း မိမိဖန်တီးထားသော Path လမ်းကြောင်း၏ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် ကို Google Earth ပေါ်တွင် Show Elevation Profile ဖြင့် တိုင်းတာနိုင်ပါသည်။ မိမိဖန်တီးထားသော Path လမ်းကြောင်းပေါ် သို့ မဟုတ် Place Module အတွင်းရှိ ထို Path လမ်းကြောင်း ပေါ်တွင် Right Click ပြုလုပ်ပြီး Show Elevation Profile ကို Click ပါ။ Elevation Profile ကိုအောက်ပုံ ပါ Graph အတိုင်းမြင်တွေ့ ရမည်ဖြစ်ပြီး၊ ဆွဲထားသော လမ်းကြောင်းအလိုက်  မြေမျက်နှာ အနိမ့်အမြင့်များကို ကြည့်ရှု့ နိုင်မှာ ဖြစ်ပါသည်။ Record a Tour Google Earth ပေါ်တွင် မိမိ သွားရမည့် ခရီး သို့မဟုတ် လမ်းကြောင်း တစ်ခု ကို မြေပုံပေါ်တွင် ဖော် ပြသော Video များကို “Record a Tour” ကို အသုံးပြုပြီး မှတ်တမ်းတင်နိုင်ပါသည်။ ဒီ Function က ကိုယ်သွားမယ့်/သွားပြီးတဲ့ ခရီးလမ်းကြောင်းတွေ ကြည့်တာမျိုး ဖြစ်ဖြစ်၊ ခရီးသွားလုပ်ငန်းတွေ အနေဖြင့် မိမိတို့ စီစဉ်ထားတဲ့ ခရီးလမ်းကြောင်း၊ Tracking လမ်းကြောင်းတွေကို ပြောပြရာတွင် အသုံးတည့်နိုင်ပါသည်။ Tool Bar ရှိ Record a Tour ကို Click ပြုလုပ်ပါ။ မြေပုံ ရဲ့ ဝဲဘက်ထောင့် တွင် Record Bar ပေါ်လာပါမည်။ Video Record နှင့် Audio Record နှစ်ခုလုံးပြုလုပ်နိုင်ပါသည်။ Record ကို on ထားပြီးပါက မိမိစိတ်ကြိုက် Record ပြုလုပ်နိုင်ပြီး Record အား နောက်ထက် Click တစ်ချက်ဖြင့် Stop နိုင်ပြီး မိမိ Record လုပ်ထားသည်များကို ပြန်လည် ကြည့်ရှု့ နိုင် (သို့) Edit Tour Window တွင် နံမည်ပေးပြီး Save ပြုလုပ်နိုင်ပါသည်။ Show Sunlight Across Landscape Google Earth တွင် နေညအချိန်ကို Show Sunlight across Landscape Tool ကို အသုံးပြုပြီး ပြောင်းလဲကြည့်ရှု့ နိုင်ပါသည်။ Switch Between Earth, Sky, and other Planets Google Earth နောက်ထက် သဘောကျဖို့ ကောင်းတဲ့ Tool တစ်ခုက ကမ္ဘာမြေ အပြင် ကောင်းကင်ရှိ ကြယ်များ၊ မားစ်ဂြိုလ် နှင့် လ ကို “Switch Between Earth, Sky and other planet” Tool ကို အသုံးပြုပြီး ကြည့်ရှု့ နိုင်ခြင်းပဲ ဖြစ်ပါတယ်။ Google Earth က Navigation Bar အသုံးပြုနည်းအတိုင်း ဖြစ်ပါသည်။ စမ်းပြီး လေ့ကျင့်ကြည့်ပါ။ လေ့လာကြည့်လို့ ရတာတွေ အများ ကြီးပါပဲ။ Ruler Google Earth တွင် “Ruler” Tool ကို အသုံးပြုပြီး Line, Path, Polygon, Circle များ ၏ အတိုင်း အတာများကို အလွယ်တကူ တိုင်းတာနိုင်ပြီး 3D Path နှင့် 3D Polygon များ၏ အတိုင်းအတာများ ကို တိုင်းတာမည် ဆိုပါက Side Bar > Layer Module ရှိ “3D Building” ကို on ထားရမည် ဖြစ်ပါသည်။ Fig 17 တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ ရှိ အီဖယ်တာဝါ ၏ သုံးဖက်မြင် ပုံရှိ ဘေးတိုက် အမြင့် အား တိုင်းတာပြထားပါသည်။ မိမိတိုင်းတာလိုသော အနားကို Add Path မှာအတိုင်း Click ထောက်ပြီး တိုင်းတာရုံပါပဲ။ Mouse အသုံးပြုပြီး မိမိတိုင်းလိုသော မြင်ကွင်းကို ချိန်ထားရပါမည်။ မြန်မာနိုင်ငံမှတော့ 3D Building များ သိပ်မရှိသေးပါဘူး၊ ဒါကြောင့် မြန်မာနိုင်ငံ က အဆောက်အဦး များကိုတော့ တိုင်းတာလို့ မရသေးပါဘူး။ GPS အကယ်လို့ Garmin, Magellan, Wintec တို့လို GPS Device တွေထဲက Data တွေ သို့မဟုတ် ကိုယ် ကွန်ပြူတာထဲ က GPS ဒေတာတွေကို ထည့်သွင်းလိုပါက Menu Bar ရှိ Add > GPS ကို နှိပ်ပြီး Waypoint, Trucks, Routes စတာတွေကို Import လုပ်ပြီး output အဖြစ် KML ဖိုင်အဖြစ် ထုတ်နိုင်ပါသည်။ Flight Stimulator Google Earth မှာ လေယာဉ်မောင်းလို့ရပါတယ်။ Menu Bar ရှိ Tool > Enter Flight Stimulator ကို နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ လေယာဉ် တစ်စီးကို ရွေး၊ Start Position ကို ရွေးပြီး Start Flight ကို နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ မြို့အပေါ်မှာ ပျံသန်းလိုက်ပါ။ Help ကိုနှိပ်ပြီး ဘယ်လို ပျံသန်းရတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။ Other Utilities Email Google Earth တွင် မိမိပြုလုပ်ထားသော Screenshot, Current View နှင့် ဖန်တီးထားသော Placemark များ ကို Email အား kmz ဖိုင်ဖြင့် အီးမေလ်းပေးပို့ နိုင်ပါသည်။ Tool Bar ရှိ Email Tool ဖြင့် သော်လည်းကောင်း၊ Places Module ရှိ Placemark များကို Right Click> Email ဖြင့် သော်လည်းကောင်း၊ Placemark များကို Right Click > Save Place as ဖြင့် kmz ဖိုင်အား save ပြီး Email application တစ်ခုခု အသုံးပြုပြီး Email ပေးပို့ နိုင်ပါသည်။ Print Tool Bar ရှိ Print Tool ကို အသုံးပြုပြီး မိမိလိုချင်သော မြင်ကွင်းများကို ပုံထုတ်နိုင်ပါသည်။ Map Option တွင် Element, Styling များရွေးချယ်နိုင်ပြီး၊ Page Set up တွင် Print ထုတ်လိုသော စာရွက်ဆိုဒ်များ ရွေးချယ်နိုင်ပါသည်။ သို့မဟုတ် Save ပြုလုပ်နိုင်ပါသည်။ Map ပေါ်တွင် ပေါ်လာသော Title များ Edit ပြုလုပ်ခြင်း၊ Legend များ အား Edit လုပ်ခြင်းတို့ အား ပြုလုပ်နိုင်ပြီး စိတ်ကြိုက် ပြင်ဆင်ပြီးပါက Print သို့မဟုတ် Save PDF ပြုလုပ်နိုင်ပါသည်။ Save Image Save Image Tool သည်လည်း Print Tool နှင့် အလားတူဖြစ်ပါသည်။ Map Option များရွေးချယ်ခြင်း၊ Resolution ရွေးချယ်ခြင်း (အများဆုံး ၄၈၀၀ x ၂၈၂၃ ထိ) တို့ ပြုလုပ်နိုင်ပြီး Save ပြုလုပ်နိုင်ပါသည်။ Views in Google Maps Google Earth သည် Google Map နှင့် ချိတ်ဆက်ထားပြီး Views in Google Maps Tool အသုံးပြုပြီး လက်ရှိ Current View ကို Google Map တွင် ကြည့်ရှု့ နိုင်ပါသည်။   Street View Navigation Bar အတွင်းရှိ အောက်ဖော်ပြပါ လူပုံကို အသုံးပြုပြီး Google Street View ကို ကြည့်ရှ့ နိုင်ပါသည်။ ထိုလူပုံကို Click ဖိထားပါက မြေပုံပေါ်တွင် အပြာရောင် Spot များ သို့မဟုတ် လမ်းကြောင်းများ မြင်တွေ့ ရပါလိမ့်မည်။ ၎င်းနေရာများကို ထိုလူပုံအား Drag and Enter Street View ဆွဲချပြီး Street View ကို ကြည့်ရှု နိုင်ပါသည်။ Place Module အားစီမံခန့်ခွဲခြင်း မိမိ၏ စီမံကိန်းတစ်ခု သို့ လုပ်ငန်းတစ်ခု သို့ ခေါင်းစဉ် တစ်ခုအောက်တွင် ပါဝင်သော မိမိပြုလုပ်ထား  သော Placemark များ၊ Polygons၊ လမ်ကြောင်းများ Tool bar အားဖြင့် ပြုလုပ်ထားသော အမှတ် အသားများကို Side Bar > Place Module > My Places > right click > Folder ဖြင့် စုစည်း သိမ်းဆည်းထားနိုင်သလို ၎င်း Folder လိုက်အား .kmz ဖိုင်ဖြင့် သော်လည်းကောင်း၊ Email ပို့၍ သော်လည်းကောင်း မျှဝေခြင်းတို့ ကို ပြုလုပ်နိုင်ပြီး၊ ဖွဲ့ စည်းထားသော Folder ထဲသို့ ထည့်လိုသော အမှတ်အသားများကို Place Modules အတွင်း Drag ပြုလုပ်ပြီး ထည့်သွင်းထားနိုင်ပါသည်။ ၎င်း Folder သို့ အမှတ်အသား တစ်ခု အား ဘေးတွင် ပါဝင်သော စတုရန်းကွက် အားဖြင့် on/off ပြုလုပ်နိုင်ပါသည်။ Geospatial Data များ ထည့်သွင်းခြင်း Geospatial Data များအား များစွာသော Geospatial ဝက်ဆိုက်ဒ်များတွင် ရှာဖွေ ဒေါင်းလုဒ် ပြု လုပ်နိုင်ပါသည်။ မြန်မာနိုင်ငံနှင့် အချက်အလက်များကို ဥပမာအားဖြင့် Myanmar Information Management Unit (MIMU) လို ဝက်ဆိုဒ် များတွင် ရရှိနိုင်ပြီး ရရှိလာသော ဖိုင်များအား Google Earth တွင် File > Import တွင် ထည့်သွင်း ပြီး အသုံးပြုနိုင်ပါသည်။   Google Earth Wikipedia အကြောင်း လေ့လာချင်ပါက https://en.wikipedia.org/wiki/Google_Earth  တွင် ဖတ်ရှု့ လေ့လာနိုင်ပါသည်။ ယခုသင်ခန်းစာ သည် Google Earth အသုံးပြုပုံ အခြေခံ ကို လေ့လာသိရှိစေရန် ရည်ရွယ်ပြီး၊ အထက်ပါ Website တွင် ကျွမ်းကျင်မှု ရှိစေရန် ဆက်လက်လေ့လာနိုင်ပါသည်။ လေ့လာသူ အားလုံး အသုံးတည့်ပါစေရန် မျှော်လင့်မိပါသည်။

More details

Published - Sun, 09 Oct 2022

Get Started with Google Earth Pro

Created by - Kyaw Soe Linn

Get Started with Google Earth Pro

Google Earth ဆိုတာဘာလဲ? ဂြိုလ်တုဓါတ်ပုံ (Satellite Imagery) တွေကို အဓိကအခြေခံထားပြီး ကမ္ဘာရဲ့ သုံးဖက်မြင် မော်ဒယ် ကို ဖော်ပြတဲ့ ကွန်ပြူတာ ဆော့ဝဲလ် တစ်ခု ဖြစ်ပါတယ်။ Satellite Images တွေ၊ Aerial photography တွေ၊ GIS Data တွေကို သုံးဖက်မြင်မော်ဒယ်ဖြစ်အောင် ပေါင်းစပ်ဖန်တီးထား ပြီး အသုံးပြုသူများကို မြို့တွေ၊ တောင်တန်းတွေ နဲ့ ရှု့ခင်းတွေကို ထောင့်မျိုးစုံမှ ကြည့်ရှု့ နိုင်အောင် ဖန်တီးထားတဲ့ Computer Software တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူက ကိုယ်ရဲ့ ကွန်ပြူတာ၊ Laptop ဖြစ်စေ၊ ဖုန်း၊ Tablet နှင့် ဖြစ်စေ အသုံးပြုပြီး ကိုယ် ကြည့်လိုသော နေရာကို ကြည့်ရှု့ နိုင်သလို Search Box ထဲမှာ ကိုယ်ရှာလိုသော လိပ်စာကို ရိုက် ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ အသုံးပြုသူက ကိုယ်ပိုင်မြေပုံ အချက်အလက်များကို Keyhole Markup Language (KML) ဖိုင်ဖြင့်၊ လည်းကောင်း၊ Keyhole Markup Language Zipped (KMZ) ဖိုင်ဖြင့် လည်းကောင်း Google Earth အတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်သလို Google Earth အားဖြင့် ဖန်တီးထားတဲ့ KML, KMZ ဖိုင်များကို မိမိတို့ Blog များ၊ အခြား ကိုယ် Share လိုသော နေရာသို့ Share ပြီး အသုံးပြုနိုင် ပါသည်။ Operating System များဖြစ်တဲ့ Windows, macOS, Linux, Xbox One, Android, iOS တို့ မှာ သုံးစွဲနိုင်ပြီး၊ https://www.google.com/earth/index.html မှာ အခမဲ့ Download ပြုလုပ်ပြီး အသုံးပြုနိုင်ပြီး၊ Launch Earth in Chrome ဖြင့် လည်း Chrome ကဲ့သို့သော Browser များပေါ်တွင် အသုံးပြုနိုင်ပါသည်။ Application ကို ကွန်ပြူတာ သို့မဟုတ် Laptop မှာ Download ဆွဲ Install လုပ်ပြီးသုံးတာက အသုံးအတည့်ဆုံးမို့ ဒီနေရာမှာ Computer/Laptop ဖြင့် အသုံးပြုပုံကို ဦးစားပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။   Google Earth ကို Install ပြုလုပ်ခြင်း Desktop သို့မဟုတ် Laptop နဲ့ အသုံးပြုမယ်ဆိုရင်တော့ https://www.google.com/earth/index.html သို့သွားပြီး Scroll Down လုပ်၍ Google Earth Pro on Desktop ကို ရွေးချယ်၍ သော်လည်းကောင်း၊ Mobile တွင် အသုံးပြုမယ် ဆိုရင်တော့ Google Earth on Mobile ကို ရွေးချယ်၍သော်လည်းကောင်း၊ Play Store သို့ Apple App Store တွင် Google Earth ဟု ရှာဖွေ၍ Install ပြုလုပ်၍ သော်လည်းကောင်း၊ Web တွင်သာ အသုံးပြုမယ်ဆိုရင်တော့ Launch Earth in Chrome ဖြင့် အသုံးပြုနိုင်မှာပဲ ဖြစ်ပါသည်။ Desktop/Laptop Version များကို Download ဆွဲထားသော .dmg ဖိုင်အား မိမိကွန်ပြူတာတွင် Install ပြုလုပ်ပြီး လွယ်ကူစွာအသုံးပြုနိုင်ပါသည်။ Interface Google Earth Pro ကို ကွန်ပြူတာတွင် Install ပြုလုပ်ပြီး စတင်အသုံးပြုပါက အထက်ဖော်ပြပါ Figure 2 တွင်ပြထားသည့်အတိုင်း Google Earth Pro Interface ကို မြင်တွေ့ရမှာပဲ ဖြစ်ပါသည်။   Side Bar Side Bar သည် Screen ၏ ဝဲဘက်တွင် ရှိမည် ဖြစ်ပြီး၊ မတူညီသော Modules အချို့ ဖြင့် ဖွဲ့စည်း ထားပါသည်။ ထိပ်ဆုံး Search Module အကွက်မှာတော့ လက်တီကျူ့၊ လောင်တီကျူ့ ဖြင့်သော် လည်းကောင်း၊ မြို့ နံမည်ဖြင့်သော်လည်းကောင်း၊ ပြည်နယ်၊တိုင်း နံမည်ဖြင့်သော်လည်းကောင်း၊ တည်နေရာနံမည်၊ လိပ်စာဖြင့်သော်လည်းကောင်း အစရှိသည်ဖြင့် သင်ရှာလိုသော တည်နေရာ ကို ရှာဖွေနိုင်ပါသည်။ အလယ်အကွက်မှာတော့ Place Module ရှိပြီး သင့်ရဲ့ Location Information များကို သိမ်းဆည်ထားနိုင်သော နေရာဖြစ်ပါသည်။ အောက်ဆုံးမှာတော့ Layers Module ရှိပြီး၊ Google Earth မှ ဖန်တီးထားသော Layer များ၊ အချက်အလက်များ၊ ဓါတ်ပုံများကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Layer တွေမှာ နယ်နိမိတ်မျဉ်းများ၊ နေရာများ၊ ဓါတ်ပုံများ၊ လမ်းများ၊ သုံးဖက်မြင်အဆောက်အဦများ၊ သမုဒ္ဒရာ ဆိုင်ရာအချက်အလက်များ၊ ရာသီဥတုဆိုင်ရာ အချက်အလက်များ၊ Gallery များ၊ Global Awareness အစရှိသည်တို့ ကို ပါဝင်မှာဖြစ်ပါတယ်။ Tool Bar Google Earth Pro Interface ရဲ့ ထိပ်ပိုင်းမှာတော့ Tool bar ရှိမှာဖြစ်ပြီး၊ Placemark များဖန်တီး ခြင်း၊ Polygon များရေးဆွဲခြင်း၊ Image Overlay များ ပြုလုပ်ခြင်း၊ လမ်းကြောင်းများထည့်ခြင်း၊ ခရီးစဉ်များအား မှတ်တမ်းတင်ခြင်း၊ Historical Imageများကြည့်ခြင်း၊ ပုံများထုတ်ခြင်း အတွက် Tool စုံစုံလင်လင် ကို တွေ့ ရှိရမှပဲ ဖြစ်ပါတယ်။ Information Bar Screen ရဲ့ အောက်ခြေမှာတော့ လက်ရှိ သင့်ကြည့်နေသော၊ သင့် Cursor ချထားသော နေရာ၏ အချက်အလက်များ ဖြစ်တဲ့ လက်တီကျူ့ ၊လောင်တီကျူ့ များ၊ မြေမျက်နှာအနိမ့်အမြင့် တို့ ကို ဖော်ပြထားမည် ဖြစ်ပြီး၊ ညာဖက်ထောင့်က Eye Altitude ကတော့ သင့်လက်ရှိကြည့်နေတဲ့ နေရာမှ အမြင့်ကို ဖော်ပြထားမည် ဖြစ်ပါသည်။ Navigation Bar Screen ရဲ့ အောက်ခြေမှာတော့ လက်ရှိ သင့်ကြည့်နေသော၊ သင့် Cursor ချထားသော နေရာ၏ အချက်အလက်များ ဖြစ်တဲ့ လက်တီကျူ့ ၊လောင်တီကျူ့ များ၊ မြေမျက်နှာအနိမ့်အမြင့် တို့ ကို ဖော်ပြထားမည် ဖြစ်ပြီး၊ ညာဖက်ထောင့်က Eye Altitude ကတော့ သင့်လက်ရှိကြည့်နေတဲ့ နေရာမှ အမြင့်ကို ဖော်ပြထားမည် ဖြစ်ပါသည်။ Navigation Tips Google Earth မှာ Navigation ပြုလုပ်ဖို့ Mouse အသုံးပြုခြင်းအပြင် Keyboard အားဖြင့် သော်လည်းကောင်း၊ Touchpad အားဖြင့်သော်လည်းကောင်း၊ Joystick အသုံးပြု၍ သော်လည်းကောင်း နည်းမျိုးစုံရှိပါတယ်။ သင့်အသုံးပြုသော Device အပေါ်မူတည်ပြီး၊ navigation ပြုလုပ်ပုံခြင်း အနည်းငယ် ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ ဒီအောက်က ဇယားမှာတော့ ယေဘူယျ OS နှစ်ခု ဖြစ်တဲ့ mac နှင့် window OS တို့အတွက် အခြေခံ Keyboard Shortcut များ နှင့် Navigational Movement များကို ဖော်ပြထားပါတယ်- Command Window Mac Result ဘေးတိုက်ရွေ့လျားခြင်း Left, Right, Up or Down Arrow Left, Right, Up or Down Arrow မျှား၏ ဦးတည်ရာ အတိုင်း ရွေ့လျားပြီး ကြည့်ရှု့နိုင်သည်။ လှည့်လည်ကြည့်ခြင်း (ထောက်ထားသော ပွိုင့်အား ဗဟိုပြုခြင်း) Shift + Left, Right, Up or Down Arrow Shift + Left, Right, Up or Down Arrow ထောက်ထားသော ပွိုင့်ကို ဗဟိုပြု၍ ပတ်ချာလည်လှည့်ခြင်း လှည့်လည်ကြည့်ခြင်း (လက်ရှိ view အား ဗဟိုပြုခြင်း) Ctrl + Left, Right, Up or Down Arrow Command + Left, Right, Up or Down Arrow လက်ရှိ view ရောက်ရှိနေသော နေရာမှ ပတ်ချာလည်လှည့်ခြင်း ဒေါင်လိုက်တိမ်းစောင်း ခြင်း Shift + Up or Down Arrow Shift + Up or Down Arrow ဒေါင်လိုက်အတိုင်း လှည့်လည်ကြည့်ခြင်း မြောက်အရပ် View သို့ ပြန်သွားခြင်း N N Default ဖြစ်သော North Up view သို့ ပြန်သွားခြင်း အပေါ်စီးမှ View သို့ ပြန်သွားခြင်း U U Default ဖြစ်သော Top-Down View သို့ ပြန်သွားခြင်း Default View သို့ သွားခြင်း R R မူလ Default View သို့ ပြန်သွားခြင်း Overview ဖွင့်/ပိတ် Ctrl + M Shift + Option + Command + M Overview Window ကို ဖွင့်/ပိတ် ပြုလုပ်နိုင်ပါသည်။

More details

Published - Sun, 09 Oct 2022

How to use Google Translate?

Created by - Kyaw Soe Linn

How to use Google Translate?

Google Translate ဆိုတာဘာလဲ? Google ကနေ အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ ဘာသာပေါင်းစုံ ပြန်ဆိုနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်တယ်။ Website Interface နဲ့ရော Mobile Phone တွေ (Android, iOS) တွေအပြင် အခြားသော ဆော့ဝဲလ်တွေအတွက် API အနေနဲ့ အသုံးပြုကျတယ်။ အခု စာရေးတဲ့ အချိန် မှာ ဘာသာစကား ၁၀၃ ခု ကို ပြန်ဆိုနိုင်တယ်။ အသုံးပြုသူ သန်း (၅၀၀) လောက် ရှိတယ်။ တစ်နေ့ ကို စကားလုံးပေါင်း ၁၀၀ ဘီလီယံလောက် ကို ပြန်ဆိုနေတဲ့ ဝန်ဆောင်မှု ဖြစ်တယ်။ ဒီသင်ခန်းစာ က တိုတိုလေးပါ။ ပြီးဆုံးအောင် သင်ကြားပါ။ Google Translate ကို ဆရာကျကျ အသုံးပြုတက်သွားမယ်။ ကဲ စလိုက်ရအောင်   Google Translate က ဘာလုပ်နိုင်လဲ? ကမ္ဘာ့အကောင်းဆုံး ဘာသာပြန် ဆော့ဝဲလ် ဖြစ်တဲ့ အလျောက် အောက်ပါ တွေကို ဆောင်ရွက်နိုင်တယ်- စာလုံးတွေ ကို ဘာသာပြန်ခြင်း - ဘာသာစကား (၁၀၃) ခု Offline ဘာသာပြန်ခြင်း - ဘာသာစကား (၅၉) ခု ကို Offline ဘာသာပြန်ဆိုနိုင်တယ်။ ဓါတ်ပုံအမြန်ပြန်ဆိုခြင်း - ဓါတ်ပုံရိုက်ပြီး ဖြစ်စေ (ဘာသာစကား ၅၀ ခု ) ၊ စကရင်မှာ အမြန်ဘာသာပြန်ခြင်း Instant Translate ( ဘာသာစကား ၃၈ခု ) ပြန်ဆိုနိုင်တယ်။ Website ဘာသာပြန်ဆိုခြင်း- Website တွေကို ကြိုက်နှစ်သက်ရာ ရွေးချယ်ထားသော သာသာဖြင့် ဖတ်ရှု့ နိုင်သည်။ Document ဘာသာပြန်ဆိုခြင်း - .doc, .docx, .odf, .pdf, .ppt, .pptx, .ps, .rtf, .txt, .xls, .xlsx စတဲ့ ဖိုင်တွေကို Upload လုပ်ပြီး ကြိုက်နှစ်သက်ရာ ဘာသာသို့ ပြန်ဆိုနိုင်တယ်။ စကားပြောပြီးဘာသာပြန်ဆိုခြင်း - စကားပြောဆိုတဲ့ ဘာသာစကားကနေ နောက်ဘာသာ စကား ကို ပြန်ဆိုနိုင်တယ်။ (ဘသာစကား ၃၂ ခု) လက်ရေးကို ဘာသာပြန်ဆိုခြင်း - လက်ရေးနဲ့ ရေးထားတဲ့ ဘာသာစကားတွေကို ပြန်ဆိုနိုင် တယ်။ (ဘာသာစကား ၉၃ ခု)   Installation ပြုလုပ်ခြင်း Android ဖုန်းမှာဆို https://play.google.com/store/apps/details?id=com.google.android.apps.translate&hl=en   iOS iPhone မှာဆို https://apps.apple.com/us/app/google-translate/id414706506   Website Interface နဲ့ဆို https://translate.google.com/   Chrome Extension ထည့်မယ်ဆို https://chrome.google.com/webstore/detail/google-translate/aapbdbdomjkkjkaonfhkkikfgjllcleb   စတဲ့ Link တွေကို သွားမယ်။ ဖုန်းတွေထဲမှာ Install လုပ်မယ်။ ဒါဆို စသုံးလိုရပြီ။   ဘယ်လိုဘာသာပြန်မလဲ? ဖုန်းထဲက Install လုပ်ထားတဲ့ Google Translate ကို ဖွင့်ပါ။ အောက်ပါအတိုင်း မြင်ရမယ်။ ပြန်ဆိုမည့် ဘာသာသည် ဘယ်ဘက် တွင် ရှိနေမည် ဖြစ်ပြီး ပြန်ဆိုလိုသည့် ဘာသာ သည် ညာဘက် တွင် ရှိမည်။ မြန်မာဘာသာ မှ အင်္ဂလိပ် ဘာသာ သို့ ပြောင်းမည် ဆိုပါက အထက်ပါပုံ အတိုင်း ဖြစ်သည်။ အကယ်၍ သင်က တရုတ်ဘာသာ မှ မြန်မာဘာသာ သို့ ပြောင်းမည် ဆိုပါက ၁။ ယခု Myanmar (Burmese) နေရာကို နှိပ်ပါ။ Chinese ကို ရွေးပါ။ ၂။ ယခုပုံ English နေရာကို နှိပ်ပါ။ Myanmar (Burmese) ကို ရွေးပါ။ ၃။ Enter text နေရာတွင် တရုတ်စာများ ဥပမာ - 明天十一点见 ကို ထည့်ပါ။ Keyboard က Enter သို့ Go ကို နှိပ်ပါ။ ၄။ မြန်မာလို ဘာသာပြန်ပြီး ဖြစ်ပါသည်။ Offline ဘာသာပြန်ခြင်း ဘာသာစကား (၅၉) ခု offline ဘာသာပြန်ဆိုလို့ရတယ်။ (မြန်မာဘာသာတော့ Offline မရသေး) ၁။ အထက်ပါပုံ မှ ပြန်ဆိုမည့်ဘာသာ (သို့) ပြန်ဆိုလိုသည့်ဘာသာ ထဲက တစ်နေရာရာ ကို နှိပ်ပါ။ ၂။ Offline ပြန်လိုတဲ့ ဘာသာကို ရှာပါ။ ၃။ ဘေးတွင်ရှိသော Down Arrow (Download) ကိုတွေ့ပါက ၎င်းဘာသာသည် Offline ပြန်နိုင်သည်။ မတွေ့ပါက Offline ပြန်၍မရ။ အင်တာနက်လိုမည်။ ၄။ Offline ဘာသာပြန်ဆိုမည့် ဘာသာ နှင့် ဘာသာပြန်ဆိုလိုသည် ဘာသာ နှစ်ခု စလုံး ကို Download ထားရပါမည်။ ၅။ Download လုပ်ပြီးပါက အင်တာနက်ပိတ်ပြီး၊ အထက်က ဘယ်လိုဘာသာပြန်မလဲ ခေါင်းစဉ်ပါ အတိုင်း ဘာသာပြန်ဆိုခြင်းကို လုပ်နိုင်ပြီ။ ဓါတ်ပုံရိုက်၍ ဘာသာပြန်ခြင်း (Mobile Phone) ၁။ Google Translate app ကို ဖွင့်ပါ။ ၂။ ပြန်ဆိုမည့်ဘာသာ နှင့် ပြန်ဆိုလိုသည့်ဘာသာ ကို ရွေးချယ်ပါ။ အင်တာနက် ဖွင့်ထားတာ သေချာပါစေ။ ၃။ Camera ပုံ ကို နှိပ်ပါ။ ၄။ ပြန်ဆိုမည့် စာသားများကို (Scan Tab) တွင် ဓါတ်ပုံရိုက်ပါ။ ပြန်ဆိုမည့် ဘာသာ စာလုံးများကို Google Translate မှ အလိုအလျောက် Scan လုပ်သွားပါလိမ့်မည်။ ၅။ Scan ဖတ်ပြီးသော (လေးထောင့်ကွက်လေးထဲ ရောက်နေသော) စာလုံးများ ကို လက်ဖြင့် Highlight လုပ်ပါ။ ၆။ ပြန်ဆိုလိုသည့် ဘာသာစကားသို့ ပြောင်းသွားတာ တွေ့ရပါမည်။ ၇။ ၎င်းပြန်ဆိုမှု ကို အခြား option များ ထပ်လုပ်ချင်ပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပါ။ ၈။ မူလစာမျက်နှာသို့ ပြန်ရောက်မည် ဖြစ်ပြီး အထက်က သင်ခန်းစာအတိုင်း ကြိုက်နှစ်သက်ရာ ပြုလုပ်နိုင်သည်။   Instant Translate လုပ်ခြင်း ၁။ Google Translate ကို ဖွင့်ပါ။ ၂။ ပြန်ဆိုမည် ဘာသာ နှင့် ပြန်ဆိုလိုသည့် ဘာသာကို ရွေးပါ။ ၃။ Camera ကို ဖွင့်ပါ။ Scan Tab ဘေးရှိ Instant Tab ကို နှိပ်ပါ။ Instant Translate က ဘာသာစကား ၃၈ မျိုးသာ ရပါသေးတယ်။ Instant Translate အတွက် ရရှိနိုင်သော ဘာသာ စကားများ ကို Download အရင် လုပ်ပါ။ ၄။ ပြန်ဆိုလိုသည် စာသားများကို Camera ဖြင့် ချိန်ပါ။ ဖုန်းစခရင်ပေါ်တွင် အလိုအလျောက် ဘာသာ ပြန်ဆိုပြီး ဖြစ်နေတာကို တွေရပါမည်။ (note – Instant Translation သည် မြန်မာမှ အင်္ဂလိပ် သို့ ပြန်ဆိုရန် မရရှိနိုင်သေးပါ။) လက်ရေးဖြင့် ဘာသာပြန်ဆိုခြင်း ဘာသာစကား ၉၃ ခု ကို လက်ရေးနဲ့ ဘာသာပြန်ဆိုနိုင်တယ်။ ၁။ Google Translate ကို ဖွင့်ပါ။ ၂။ ပြန်ဆိုမည့် ဘာသာ နှင့် ပြန်ဆိုလိုသော ဘာသာစကားကို ရွေးပါ။ ၃။ Handwriting ကို ရွေးပါ။ လက်ရေးဖြင့် ပြန်ဆိုမည့် ဘာသာကို ရေးပါ။ ၄။ ထို့နောက် ပြန်ဆိုလိုသည့် ဘာသာသို့ ပြန်ဆိုပြီး ဖြစ်ကြောင်း တွေ့ရပါမည်။ More Option ပြုလုပ်လိုပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပြီး အထက်ပါ သင်ခန်းစာများအတိုင်း ဆက်လုပ်ပါ။ စကားအပြန်အလှန်ပြောခြင်းဖြင့် ဘာသာပြန်ဆိုခြင်း နိုင်ငံခြားသွားရင် သော်လည်းကောင်း ကိုယ်နားမလည်တဲ့ ဘာသာစကား ပြောသူ နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သော်လည်းကောင်း အဆင်ပြေတယ်။ ၁။ Google Translate ကို ဖွင့်ပါ။ ၂။ ပြန်ဆိုမည့် ဘာသာ နှင့် ပြန်ဆိုလိုသည် ဘာသာကို ရွေးချယ်ပါ။ ၃။ Conversation ကို ရွေးချယ်ပါ။ ၄။ ဥပမာအားဖြင့် ​မြန်မာဘာသာ မှ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုမည်။ အနီရောင် ဖြစ်နေသော မြန်မာဘာသာ ဖြင့် စကားပြောဆိုရမည် ဖြစ်ပြီး၊ အင်္ဂလိပ်လို ပြန်ဆိုပါလိမ့်မည်။ ၅။ အင်္ဂလိပ် မှ မြန်မာသို့ ပြန်ဆိုမည် ဆိုပါက English ကို နှိပ်ပါ။ အနီရောင်သည် English သို့ ပြောင်းသွားမည်။ ထိုအခါ အင်္ဂလိပ်လိုပြောရမည် ဖြစ်ပြီး၊ မြန်မာဘာသာ သို ပြန်ဆိုသွားမည် ဖြစ်သည်။ ၆။ More Option ပြုလုပ်လိုပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပြီး အထက်ပါ သင်ခန်းစာများအတိုင်း ဆက်လုပ်ပါ။   အသံဖြင့်ဘာသာပြန်ဆိုခြင်း ၁။ Google Translate ကို ဖွင့်ပါ။ ၂။ ပြန်ဆိုမည့် ဘာသာ နှင့် ပြန်ဆိုလိုသည် ဘာသာကို ရွေးချယ်ပါ။ ၃။ Voice ကို ရွေးချယ်ပါ။ ၄။ Mic ပုံကို နှိပ်၍ ဘာသာပြန်လိုသည့် ဘာသာစကား ကို ပြောပါ။ ၅။ ပြီးပါက Mic ကို ထပ်နှိပ်ပါ။ ပြောထားသော စကားများကို ဘာသာပြန်ဆိုပြီး ဖြစ်ပါသည်။ ၆။ More Option ပြုလုပ်လိုပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပြီး အထက်ပါ သင်ခန်းစာများအတိုင်း ဆက်လုပ်ပါ။ Document Translation ဒါကိုတော့ Website Interface မှာပဲ ပြန်လိုရမယ်။ Word, Excel, Power Point, Text file, PDF စတဲ့ ဖိုင်တွေကို Upload လုပ်ပြီး ပြန်လိုရမယ်။ ၁။ ကွန်ပြူတာထဲက သို့ ဖုန်းထဲက Browser ကို ဖွင့်ပါ။ ၂။ https://translate.google.com/ သို့သွားပါ။ Text translation ကတော့ အထက်ပါ သင်ခန်းစာ နဲ့ တူတူပဲ။ အသုံးပြု လေ့ကျင့်ကြည့်ပါ။ ၃။ Document Translation ကို သွားပါ။ ၄။ Browse your computer ကို နှိပ်ပါ။ သင့်ကွန်ပြူတာထဲ (သို့) ဖုန်းထဲရှိ .doc, .docx, .odf, .pdf, .ppt, .pptx, .ps, .rtf, .txt, .xls, တစ်ခုခုကို ရွေးပါ။ ၅။ Upload လုပ်ပြီး ရွေးချယ်ထားသော ဘာသာပြန်ဆိုလိုသည့် ဘာသာသို့ ဘာသာပြန်ဆိုချက် များ ရရှိမည် ဖြစ်သည်။ Website ကို ဘာသာပြန်ဆိုခြင်း Chrome Browser ကို သုံးရမယ်။ ၁။ https://chrome.google.com/webstore/detail/google translate/aapbdbdomjkkjkaonfhkkikfgjllcleb ကို သွားပါ။ ၂။ Google Translate ကို Chrome မှာ Install လုပ်ပါ။ ၃။ Chrome Extension မှာ Google Extension ကို Install လုပ်ပြီးပါက အောက်ပါအတိုင်း တွေ့ ရမယ်။ ၅။ My primary language မှာ သင်ပြန်ဆိုလိုတဲ့ ဘာသာကိုရွေးပါ။ Website တွင် မည်သည်ဘာသာ နှင့် ဖြစ်စေ သင်ရွေးချယ်ထားတဲ့ ဘာသာကို ပြန်ပေးမှာ ဖြစ်တယ်။ ဒီမှာတော့ မြန်မာဘာသာကို ရွေးချယ်ပြထားတယ်။ Save ကို နှိပ်ပါ။ ၆။ မြန်မာဘာသာဖြင့် မဟုတ်သော Website တစ်ခုကို ဖွင့်ပါ။ ဒီမှာတော့ Google Translate Wikipedia ကို ဥပမာအနေနဲ့ သင်ကြားမယ်။ https://en.wikipedia.org/wiki/Google_Translate သို့သွားပါ။ အောက်ပါအတိုင်း မြင်ရမည်။ ၇။ Google Translate Extension ကို နှိပ်ပါ။ Translate This Page ကို နှိပ်ပါ။ အောက်ပါအတိုင်း ဘာသာပြန်ဆိုပြီး ဖြစ်မည်။   ၈။ English ကို ပြန်သွားလိုပါက မူရင်းဖောင့် နေရာကို နှိပ်ပါ။   စကားစုတခုကို ဘာသာပြန်ဆိုခြင်း အကယ်၍ သင်က Website တစ်ခုလုံးမဟုတ်ပဲ စကားစု တစ်ခုကို ပဲ ဘာသာပြန်ဆိုချင်ပါက - ၁။ ၎င်းပြန်ဆိုလိုသော စာကားစု ကို Select လုပ်ပါ။ အနီးအနားတွင် Google Translate Icon ပေါ်လာမည်။ ထို Icon ကို နှိပ်ပါ။ ထို Icon ကိုမတွေ့ပါက Extension ဘားပေါ်ရှိ Google Translate Extension Icon ကို နှိပ်ပါ။ ၂။ မြန်မာဘာသာသို့ ပြန်ဆိုပြီး ဖြစ်သည်ကို တွေ့ရမည်။ Zawgyi နှင့် Unicode ကြား နည်းနည်းတော့ တိုင်ပတ်နေဆဲ ဖြစ်သည်။ သို့မဟုတ် ၃။ ထို Select လုပ်ထားသော စာကို Right Click ထောက်၍ Google Translate ကို နှိပ်ပါ။ ကိုယ်ပိုင် Phrasebook တည်ဆောက်ခြင်း သင် ဘာသာပြန်ဆိုထားသော မည်သည့်စကားလုံးကို မဆို ကိုယ်ပိုင် Phrasebook ထဲ ထည့်ထားနိုင်သည်။ ဘာသာပြန်ဆိုပြီးပါက ဘေးရှိ ကြယ်ပုံကို နှိပ်ပါ။ Favorite List အတွင်း ရှိနေမည် ဖြစ်သည်။ မည်သည်အချိန်တွင် မဆို ပြန်ကြည့်နိုင်ရန် ဖြစ်သည်။   Suggest and edit ဘာသာပြန်ဆိုချက်များ သည် မှားနေပါက သို့ မပြည့်စုံပါက Website Interface တွင် ဘာသာပြန်ဆိုချက် ပြီးပါက ညာဘက် အောက်တွင် ရှိသော Suggest an edit ဖြင့် ဝင်ရောက်ပြီး Contribute လုပ်နိုင်သည်။ ပြီးပါက SUBMIT ကို နှိပ်ပါ။

More details

Published - Sun, 09 Oct 2022

Get ready to use Meet

Created by - Kyaw Soe Linn

Get ready to use Meet

Get ready to use Meet Google Meet ကို အသုံးမပြုမီ ပစ္စည်းကရိယာများ နှင့် Access များပြည့်စုံမှုရှိမရှိ စစ်ဆေးရမည်ဖြစ်သည်။ ၁။ Google Account တစ်ခုရှိရပါမည်။ ၂။ ကွန်ပြူတာ Operating System သည် macOS, Window, Chrome OS, Ubuntu တို့ ဖြစ်ရပါမည်။ Web Browser နဲ့ သုံးမယ်ဆိုရင် Chrome, Mozilla Firefox, Microsoft Edge နဲ့ Safari တို့မှာ သုံးလို့ရပါမည်။ ၃။ ကွန်ပြူတာ သို့ ဖုန်း/Tablet မှ Selfie Camera နဲ့ Microphone များ စစ်ဆေးပါ။ Access များ Allow ဖြစ်မဖြစ်စစ်ဆေးပါ။ ၄။ အသုံးပြုမည့် Device သည် အင်တာနက် ချိတ်ဆက်ထားရှိမရှိ စစ်ဆေးပါ။ ဒါဆိုရင်တော့ Google Meet အသုံးပြုနိုင်ပါပြီ။ ကဲစလိုက်ရအောင်   ဗီဒီယို Meeting တစ်ခု စတင်ခြင်း နှင့် ချိတ်ဆက်ခြင်း ဗီဒီယို Meeting တစ်ခုစတင်ရန် နည်းမျိုးစုံရှိပါသည်။ Web Browser တွင် အသုံးပြုရန် အတွက် https://apps.google.com/meet/ Android တွင် https://play.google.com/store/apps/details?id=com.google.android.apps.meetings&hl=en iPhone တွင် https://apps.apple.com/us/app/google-meet/id1013231476 များတွင် Meet App ကို ရယူပါ။   Web Browser တွင် Video Meeting တစ်ခု စတင်ခြင်း ၁။ https://meet.google.com/ ကို Web Browser (Chrome, Mozilla Firefox, Safari, Edge, Bing, etc.) တစ်ခုတွင် ဝင်ရောက်ပါ။ ၂။ Start a meeting တစ်ခုခုကို နှိပ်ပါ။ ၃။ (Optional for G Suite User) Nickname တစ်ခုကို ဖန်တီးပြီး Continue ကို နှိပ်ပါ။ ၄။ Join Now ကို နှိပ်ပါ။ (ဒီနေရာမှာ No Camera Found, No Mic Found စသည်တို့ တွေ့ရပါက သင့်ကွန်ပြူတာ ရှိ Camera သို့ Mic Driver များကို ကောင်းမကောင်းပြန်စစ်ပါ။) ၅။ အခြားတစ်ယောက်ကို Meeting ထဲသို့ ထည့်သွင်းလိုပါက Option တစ်ခုကိုရွေးချယ်ပါ။ Copy joining info ကို နှိပ်ပါ။ ပြီးနောက် အခြားသော app (Viber, WhatsApp, WeChat, Messenger) တွေမှာ Paste လုပ်ပြီး မျှဝေပါ။ နောက်တစ်မျိုးက Add people ကို နှိပ်ပါ။ Invite Section ရဲ့အောက် Name ကို ရွေးပါ။ သို့ Email address ကို ထည့်ပါ။ ပြီးနောက် Send Invite ကို နှိပ်ပါ။ မှတ်ချက် - Personal Google account နဲ့ Meeting ကို Create လုပ်မယ်ဆိုရင် meeting moderator ကသာလျှင် in call invite ကို ပေးပို့နိုင်မှာဖြစ်တယ်။ Call Section ရဲ့အောက် ဖုန်းနံပါတ်ကို ထည့်ပါ။ Call ကို နှိပ်ပါ။ ဤ Feature ကတော့ G-Suite အကောင့် ဝယ်ပြီးအသုံးပြုသူတွေသာ ရရှိမှာဖြစ်ပါတယ်။   Video Meeting တစ်ခုကို အချိန်သတ်မှတ်စီစဉ်ခြင်း Google Calendar အားဖြင့် အချိန်သတ်မှတ်စီစဉ်ခြင်း Google Calendar အတွက် သင်ခန်းစာကို sayarkyaung.com မှာ ဒေါင်းယူပြီးသင်ကြားနိုင် ပါတယ်။ အချိန်သတ်မှတ် စီစဉ်ရလွယ်ပါတယ်။ Event တစ်ခုကို ဖန်တီးပါ ပြီးနောက် guest များကို ၎င်း event သို့ ထည့်သွင်းပါ သို့ Invite လုပ်ပါ။ Event အားအချိန်သတ်မှတ်မှုများ လုပ်ပါ၊ ပြီးနောက် Add conferencing ကို နှိပ်ခြင်းအားဖြင့် ၎င်းအချိန်တွင် Video Conferencing က အလိုအလျောက် စတင်လုပ်ဆောင်နေမည်ဖြစ်သည်။ ဤနည်းအားဖြင့် Google Calendar မှာ Meeting Conference တစ်ခုကို အချိန်သတ်မှတ်စီစဉ်ခြင်း ဆောင်ရွက်နိုင်ပါတယ်။ မှတ်ချက်။ Guest တွေက နေတဆင့် အခြားသော သူများကို Meeting Link ကိုပေးပို့နိုင်ပါတယ်။ အကယ်၍ Personal Google Account နဲ့ Event ထောင်ပြီး အသုံးပြုပါက အခြားသော Participants များကို Meeting သို့လက်ခံရန်အတွက် Meeting Creator ကသာလျှင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။ အောက်ပါအဆင့်အတိုင်းဆောင်ရွက်ပါ- ၁။ https://calendar.google.com/ မှာ Event တစ်ခုကို တည်ဆောက်ပါ။ အချိန် ကို သတ်မှတ်ပါ။ ၂။ Add guest ကို နှိပ်ပါ ပြီးနောက်  ဖိတ်ခေါ်လိုသော သူ၏ အမည် သို့ အီးမေလ်းကို ထည့်ပါ။ ၃။ Add Conference ကို နှိပ်ပါ။ ၄။ Save ကို နှိပ်ပါ။ ၅။ Send ကို နှိပ်ပြီး Guest များထံ ပေးပို့နိုင်ပါတယ်။   Gmail အားဖြင့် Meeting ကို အချိန်သတ်မှတ်စီစဉ်ခြင်း ၁။ https://mail.google.com/mail/u/0/ Gmail ကိုဖွင့်ပါ။ ၂။ Sidebar ရှိ Start a meeting ကို နှိပ်ပါ။ ၃။ Meet Window မှာ meeting တစ်ခုကို စတင်ဖို့ Option တစ်ခုကို ရွေးချယ်ပါ။ ကွန်ပြူတာရှိ ကင်မရာနှင့် မိုက်ကို အသုံးပြုပြီး ဆောင်ရွက်မည်ဆိုပါက Join now ကို နှိပ်ပါ။ (G-suite user) တွေအတွက်ကတော့ ဖုန်းရှိ မိုက်ကို အသုံးပြုပြီး ဆောင်ရွက်မည် ဆိုပါက Join and use a phone for audio ကို နှိပ်ပြီး ဆက်လက် ပေါ်လာသည့် အချက်ပြမှုများအတိုင်း ဆောင်ရွက်နိုင်ပါသည်။ ဖုန်းနဲ့ ချိတ်ဆက်ပါက ကွန်ပြူတာမှာ Video ကို ဆက်လက်အသုံးပြုနိုင်နေမှာဖြစ်ပြီး အသံကတော့ ဖုန်းကနေ အသုံးပြုနေမှာဖြစ်တယ်။ ၄။ Meeting ထဲရောက်ပါက အခြားသူများကို ထည့်နိုင်ပါသည်။ Share a meeting code – Copy joining info ကို နှိပ်ပြီး အခြား messaging app မှာ မျှဝေနိုင်ပါတယ်။ Invite someone by email – Add people ကို နှိပ်ပါ၊ အီးမေလ်းလိပ်စာကို ထည့်ပါ။ Send Invite ကို နှိပ်ပါ။ (For G-suite account user only) Invite someone by phone – Add people ကို နှိပ်ပါ Call ကို နှိပ်ပြီး ဖုန်းနံပါတ်ကို ထည့်ပါ။   Video Meeting တစ်ခုကို ချိတ်ဆက်ခြင်း ချိတ်ဆက်ဖို့အတွက် နည်းလမ်းမျိုးစုံရှိပါသည်။     Google Calendar တွင်ချိတ်ဆက်ခြင်း ၁။ https://calendar.google.com/ သို့သွားပါ။ ပြီးနောက် သင်ချိတ်ဆက်လိုသော Event ကို နှိပ်ပါ။ ၂။ Join with Google Meet ကိုနှိပ်ပါ။ ၃။ ပွင့်လာသော Window မှာ Join Now ကို နှိပ်ပါ။   Meet တွင် ချိတ်ဆက်ခြင်း Meet တွင် Scheduled Event တစ်ခုကို ရွေးချယ်နိုင်သလို Meeting Code သို့ Nickname ကို ထည့်ပြီး Meeting တစ်ခုကို စတင်ခြင်း သို့ ချိတ်ဆက်ခြင်းကို ဆောင်ရွက်နိုင်သည်။   Scheduled Event ကို ရွေးချယ်ခြင်း ၁။ ကွန်ပြူတာရှိ Web Browser တစ်ခုတွင် https://meet.google.com/ ကို ဝင်ရောက်ပါ။ ၂။ သင်၏ Scheduled events List တွင်ရှိသော Meeting တစ်ခုကို ရွေးချယ်ပါ။ Google Calendar အားဖြင့် အချိန်သတ်မှတ်ထားသော Meeting များကို သာ Google Meet မှာ ဖော်ပြပေးမှာ ဖြစ်တယ်။     Meeting code သို့ Nickname ဖြင့် ချိတ်ဆက်ခြင်း ၁။ https://meet.google.com/ သို့ Web Browser တွင် ဝင်ရောက်ပါ။ ၂။ Join or start a meeting ကို နှိပ်ပါ။ ၃။ Meeting Code သို့ Nickname ကိုထည့်ပါ။ Meeting link ၏ အဆုံးတွင်ရှိသော အက္ခရာများ ကို Meeting Code ဟုခေါ်သည်။ ဝင်ရောက်သည့်အခါ Hyphens များ ထည့်စရာမလိုပါ။ G-suite account user များသာ Nickname ဖြင့် meeting သို့ ဝင်ရောက်နိုင်ပါသည်။ ၄။ Continue ကို နှိပ်ပြီး Join now ကို နှိပ်ပါ။   URL link ဖြင့် Video Meeting တစ်ခုကို ချိတ်ဆက်ခြင်း တစ်ခါတစ်လေမှာ Meeting တစ်ခုကို အချိန်သတ်မှတ်ဖို့ အတွက် အချိန်မရှိ ဖြစ်နေနိုင်ပါသည်။ Meet နဲ့ ဆိုရင် အခြားသူမှ သင့်ထံသို့ Text အားဖြင့် သို့ Email အားဖြင့် ပေးပို့သော meeting link ကို နှိပ်လိုက်ရုံနဲ့ Video Meeting တစ်ခုကို စတင်နိုင်မှာဖြစ်ပါတယ်။ ၁။ Chat Message သို့ Email မှ ပေးပို့လာသော Meeting Link ကို နှိပ်ပါ။ ၂။ Onscreen မှာ ပြလာသော အချက်ပြမှုများအတိုင်း လိုက်သွားလျှင် Meeting ကို ချိတ်ဆက်နိုင်ပါသည်။   Video Meeting တစ်ခုကို လူများထည့်သွင်းခြင်း Google Meet မစတင်မှီ နှင့် စတင်ပြီး တွင် လူများကို ထည့်နိုင်ပါသည်။ အကယ်၍ Gmail အားဖြင့် Meeting ကို ပြုလုပ်ပါက meeting စတင်ပြီးမှသာ လူများထည့်နိုင်ပါသည်။ Video meeting   Video Meeting ပြုလုပ်စဉ်လူများထည့်သွင်းခြင်း ဆောင်ရွက်နေစဉ်မှာပင် လူများကို ထုတ်ခြင်းကိုလဲ ဆောင်ရွက်နိုင်ပါသည်။ Video Meeting ပြုလုပ်စေစဉ်မှာ လူများကို ထည့်သွင်းဖို့ အောက်ပါအတိုင်း ဆောင်ရွက်ပါ- ၁။ ညာလက်ရှိ People ကို နှိပ်ပါ။ Add people ကို နှိပ်ပါ။ ၂။ ထည့်သွင်းလိုသော သူ၏ အမည် သို့ အီးမေလ်းလိပ်စာကို ထည့်သွင်းပါ Send Invite ကို နှိပ်ပါ။   နောက်တစ်နည်းကတော့ ၁။ ဘယ်ဘက်အောက်ခြေထောင့်ရှိ Meeting name ကို နှိပ်ပါ။ ၂။ Copy joining info ကို နှိပ်ပါ။ ၃။ သင့်ပို့လိုသော သူထံသို့ ရောက်ရှိမည့် messenger, chat, text, email တစ်ခုခုကနေ့ paste လုပ်ပြီးပို့ပါ။     Video Meeting ပြုလုပ်စဉ်လူများထုတ်ခြင်း မှတ်ချက် - တစုံတယောက်ကို Meeting မှ ဖယ်ရှားဖို့အတွက် သင်သည် Meeting organizer နှင့် organization တစ်ခုထဲမှာ ရှိနေမှရပါမည်။ အကယ်၍သင်က personal Gmail အကောင့်ဖြင့် အသုံးပြုပါက meeting moderator မှသာ Video Meeting အတွင်းမှာ ပါဝင်သူများကို ဖယ်ရှားနိုင်မှာဖြစ်တယ်။ ၁။ ညာဘက်ရှိ People ကို နှိပ်ပါ။ ၂။ ဖယ်လိုသော သူထံသို့ Point ထားပြီး Back Arrow ကို နှိပ်ပါ။ ၃။ Remove ကို နှိပ်ပါ။ ဒါဆိုရင်တော့ Google Meet ကို အသုံးပြုပြီး Meeting တစ်ခုကို နေရာမရွေး၊ အချိန်မရွေး ဆောင်ရွက်နိုင်ပြီးဖြစ်တယ်။ နောက်မှာတော့ Video Meeting တစ်ခုထဲမှာ ရှိတဲ့ Tool တွေကို ဘယ်လိုအသုံးချမလဲ ဆိုတာကို သင်ကြားသွားမှာ ဖြစ်ပါတယ်။   Video Meeting တစ်ခုထဲမှာ ပူးပေါင်းဆောင်ရွက်ခြင်း Video Meeting များကို စိတ်ကြိုက်ပြုလုပ်ခြင်း Google Meet က Active ဖြစ်တဲ့ Contents တွေနဲ့ ပါဝင်တဲ့သူတွေကို ဦးစားပေးပြီးတော့ Meeting Display Layout ကို အလိုအလျောက် ပြောင်းလဲပေးပါတယ်။ ကွန်ပြူတာမှာ အသုံးပြုပါက သင်ကြိုက်သလို Layout ကို ပြင်ဆင်နိုင်ပါသည်။ မြင်ကွင်းပြောင်းလဲခြင်း Auto - သင့်အတွက် Meet မှ Layout ကို ရွေးချယ်ပေးမှာဖြစ်တယ်။ Tiled – Presentation မလုပ်တဲ့အချိန်အခါမှာ လူအယောက် ၁၆ ယောက်အထိ အကွက်လေးတွေနဲ့ ပြသနေမှာ ဖြစ်ပါတယ်။ - Mouse ကိုရွှေ့ပေးခြင်းအားဖြင့် ပါဝင်သောသူများ၏ အမည်ကို ကြည့်နိုင်ပါသည်။ - Meeting စတင်ပြီးမှ နောက်ထပ်လူတစ်ယောက် ဝင်ရောက်လာပါက စကရင်၏ အောက်ခြေသို့ ၎င်းတို့ကို ထည့်သွင်းလိုက်မှာဖြစ်တယ်။ - Presentation ပြသချိန် မှာတော့ Presentation က အကွက်အကြီးဖြင့် ပြသမှာ ဖြစ်ပြီး Active အဖြစ်ဆုံးသူတွေကို စကရင်၏ ဘေးတွေမှာ ပြသထားမှာဖြစ်တယ်။ -   Spotlight - ဆိုရင်တော့ Presentation တွေ၊ Active Speaker တွေ သို့ Pinned      လုပ်ထားတဲ့ မြင်ကွင်းသည်သာ စကရင်တွင် အပြည့်နေရာယူထားမှာဖြစ်တယ်။ -      Sidebar - မှာတော့ Active Speaker သို့ Presentation ကို ဘေးဘက်တွင် ပါဝင်သော သူများနှင့် တကွ မြင်တွေ့ရမှာဖြစ်တယ်။   Layout ပြောင်းလဲခြင်း ၁။ ကွန်ပြူတာမှာ Video Meeting တစ်ခုကို ချိတ်ဆက်ပါ။ ၂။ အောက်ခြေညာဘက်မှာ ရှိတဲ့  More   Change layout. ကို နှိပ်ပါ။ ၃။ Change Layout အကွက်ထဲမှာ သင့်ကွန်ပြူတာမှာ မြင်ချင်တဲ့ Layout ကို ရွေးချယ်ပါ။ သိကောင်းစရာ - ပါဝင်တဲ့သူ၏ ရုပ်ပုံကို နှိပ်ပြီး စကရင်မှာ Pin လုပ်ထားလို့ရပါတယ်။   Meet တွင်ပါဝင်သူများကို Pin, mute သို့မဟုတ် Remove လုပ်ခြင်း အောက်ပါသူတွေက Mute သို့ Remove လုပ်နိုင်ပါသည်- Meeting ဖန်တီးသူ Calendar Event ပိုင်ရှင် In-room hardware device တစ်ခုမှာ Meeting ကို Set Up လုပ်သူ Personal Gmail အကောင့်အသုံးပြုသူများအနေနဲ့တော့ Meeting လုပ်ပြီဆိုရင် Meeting Creator ကသာ Mute သို့ အခြားသော သူများကို Remove လုပ်နိုင်မှာဖြစ်တယ်။   ပါဝင်သူတစ်ဦးကို Pin လုပ်ခြင်း ပါဝင်သူ၏ ရုပ်ပုံကို နှိပ်ပြီး Pin ကို နှိပ်ပါ။   ပါဝင်သူတစ်ဦးကိုဖယ်ရှားခြင်း G Suite Account တစ်ခုမှ Meeting ကို ဖန်တီးပါက ၎င်း နှင့် Domain တူသော ပါဝင်သူတစ်ဦးမှ အခြားသော ပါဝင်သူတစ်ဦး ကို လိုအပ်ပါက ဖယ်ရှားနိုင်ပါသည်။ Personal Gmail Account တစ်ခုမှ Meeting ကို ဖန်တီးပါက Event Moderator မှသာလျှင် အခြားသော ပါဝင်သူကို ဖယ်ရှားနိုင်မှာဖြစ်တယ်။ Video Meeting ထဲရောက်ရှိပါက Back arrow point to the person,  click Remove   ကို နှိပ်ပြီး ဖယ်ရှားနိုင်သည်။     ပါဝင်သူများ၏ Microphone ကို အသံပိတ်ခြင်း အကယ်၍ သင်က Video Meeting တစ်ခုမှာ အခြားသူဘက်က အပြင်ဆူညံသံများ ရှိလာလို့ ရှိရင် ၎င်းသူ၏ Microphone ကို အသံပိတ်နိုင်ပါတယ်။ Personal Gmail အားဖြင့် Meeting ပြုလုပ်ပါက Meeting Moderator မှာသာ အသံပိတ်ခြင်းကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အသံပိတ်လိုသူ၏ ပုံကို ဘေးရှိ Volume ကို ထောက်၍ Mute ကို နှိပ်ပါ။   Video Meeting တစ်ခုတွင် စာတန်းထိုုးများကို အသုံးပြုခြင်း အင်္ဂလိပ်ဘာသာဖြင့်သာ ရရှိပါသေးသည်။ သင်အနေနဲ့ Meeting တစ်ခုဖန်တီးလိုက်တဲ့အခါ ဒီ Meeting က ဘာခေါင်းစဉ်နဲ့ လုပ်တာလဲဆိုတာကို ပြုလုပ်ထားခြင်းဖြင့် ပိုမိုလွယ်ကူစွာ အခြားသူများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်တယ်။ မှတ်ချက်။ အကယ်၍ သင်က Video Meeting ကို Record လုပ်နေပါက Caption များကို Record လုပ်မှာမဟုတ်ပဲ Recording ကို ပြန်ဖွင့်တဲ့အခါ ပါလာမှာမဟုတ်ပါ။   Meet Window ၏ အောက်ခြေတွင် ရှိသော Turn on captions  or Turn off captions  ကိုနှိပ်ပြီး ခေါင်းစဉ်တပ်ခြင်း ဖြုတ်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ More ကိုအရင်နှိပ်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ သိကောင်းစရာ - အကယ်၍ Caption များသည် သင်၏ Call controls များဖြင့် ဖုံးကွယ်နေပါက Meet Window ၏ တစ်နေရာရာကို နှိပ်ပြီး ၎င်းတို့ကို ဖျောက်နိုင်ပါသည်။   Video Meeting မှာ Resources များမျှဝေခြင်း Meeting အသေးစိတ်အချက်အလက် နှင့် Attachment များကို ကြည့်ရှု့ခြင်း ဘယ်ဖက်အောက်ခြေမှာ Meeting Link, Dial-in Number, Agenda, Description, Attachment နှင့် တက်ရောက်သူစသည့် အချက်အလက်များ ကို ပြသဖို့အတွက် Meeting Name ကို ရွေးချယ်ပါ။ ၁။ Meet Video Call တစ်ခုကို ချိတ်ဆက်ပါ။ ၂။ ဝဲဘက်အောက်ထောင့်မှာ Meeting Name ကို နှိပ်ပါ။   Chat Message များကို Video Meeting ပါဝင်သူများထံ ပေးပို့ခြင်း Video Meeting တစ်ခုပြုလုပ်နေစဉ်မှာ ကွန်ပြူတာမှ သို့ မိုဘိုင်းဖုန်းမှ တဆင့် စာတိုများ ပေးပို့နိုင်သည်။ မှတ်ချက်။ စာတိုများသည် Video Call အတွင်းရှိ လူတိုင်းကနေ မြင်တွေ့ရမှာဖြစ်တယ်။ သင်မချိတ်ဆက်ခင် က အခြားသူများပေးပို့ထားသော စာများကို သင်မြင်တွေ့ရမှာ မဟုတ်သလို၊ Meeting ပြီးဆုံးသွားပါက ပေးပို့ထားကျသော စာတိုများအားလုံး ပျောက်သွားမှာဖြစ်ပါသည်။ ၁။ Meet Video Call တစ်ခုကို ချိတ်ဆက်ပါ။ ၂။ အပေါ်ညာထောင့်ရှိ Chat ကို နှိပ်ပါ။ ၃။ စာတိုရိုက်ထည့်ပြီး Send ကို နှိပ်ပါ။     Video Meeting တစ်ခုမှာ Presentation လုပ်ခြင်း သင်သည် သင်၏ စကရင်တစ်ခုလုံး သို့ သီးခြားသတ်မှတ်ထားသောနေရာ ကို အသုံးပြုပြီး Share Document, Presentation, Spreadsheet နှင့် အခြားသော အရာများကို Video Meeting လုပ်နေစဉ် မှာ တင်ပြနိုင်ပါသည်။ မှတ်ချက်။ Notification ကို Allow ခွင့်ပြုထားပါ။ သင့်စကရင် မြင်နိုင်ပြီဆိုလျှင် သင့်ကို Notification ပေးပို့မှာဖြစ်တယ်။ ၁။ Video Meeting တစ်ခုကို ချိတ်ဆက်ပါ။ ၂။ ညာဘက် အောက်ထောင့် ရှိ Present now ကို နှိပ်ပါ။ ၃။ Your entire screen, A window, သို့ Chrome tab တစ်ခုကို ရွေးချယ်ပါ။ Chrome Tab အားဖြင့် present လုပ်ပါက ၎င်း Tab ၏အသံကို ပုံမှန်အားဖြင့် မျှဝေပါသည်။ အခြားသော tab ကို Present လုပ်ပါက စကရင်အောက်ခြေတွင် Change source ကို ရွေးချယ်ပါ။ ၄။ သင်မျှဝေလိုသော ဖိုင်ကို ရွေးချယ်ပါ။ ၅။ Share ကို နှိပ်ပါ။ ၆။ တစ်ယောက်က Present လုပ်နေစဉ် သင်က အစား present လုပ်ချင်ပါက Confirm လုပ်ပါ။ Presentation ကို ရပ်ဆိုင်းခြင်း Meet Window မှာ Stop Presenting ကို နှိပ်ပါ။ အောက်ခြေညာထောင့်မှာ You are presenting > Stop Presenting ကို နှိပ်ပြီးတော့လဲ ဆောင်ရွက်နိုင်သည်။   အခြားသူက Present လုပ်စဉ် Present လုပ်ခြင်း ၁။ညာဘက်အောက်ခြေရှိ  Present now ကို နှိပ်ပါ။ ၂။ Your entire screen သို့ A window ကို ရွေးချယ်ပါ။ ၃။ Present instead ကို နှိပ်ပါ။ အကယ်၍ အခြားသူမှ ၎င်း၏ screen ကို present လုပ်နေပါက သင်၏ Presentation သည် အခြားသူများထံတွင် မြင်နေရဆဲဆိုတဲ့ အကြောင်းကို Notification လက်ခံရရှိမှာဖြစ်တယ်။ ၎င်း Notification မှာ သင်သည် သင့် Presentation ကို ရပ်မည် သို့ ဆက်သွားမည်ကို ရွေးချယ်နိုင်သည်။ Present လုပ်ရန်အတွက်သာ ချိတ်ဆက်ခြင်း သင် Present လုပ်ဖို့ ချိတ်ဆက်တဲ့အခါ သင်ကွန်ပြူတာ Window သို့ Application ကိုသာ Meeting တွင် ပြသမှာဖြစ်တယ်။ အသံ နှင့် အခြားသော Video များကို ပေးပို့မှာမဟုတ်သလို လက်ခံရရှိမှာလဲ မဟုတ်ပါ။ ၁။ https://meet.google.com/ ကိုသွားပါ။ ၂။ အချိန်သတ်မှတ်ထားသော Scheduled Meeting ကိုရွေးချယ်ပါ။ သို့ Join or start a Meeting ကို နှိပ်ပါ။ ၃။ Meeting Code တစ်ခုကို ထည့်ပါ။ ၄။ Present ကို နှိပ်ပါ။ ၅။ Window တစ်ခု သို့ Application တစ်ခုကို ရွေးချယ်ပါ။ ၆။ Share ကို နှိပ်ပါ။   လူအုပ်စုအတွင်းသို့ Video Meeting များအားထုတ်လွှင့်ခြင်း Video Meeting တစ်ခုကို Record လုပ်ခြင်း မှတ်ချက် - ဤ Feature သည် G-Suite Enterprise, G Suite Enterprise Essentials and G Suite Enterprise for Education edition အကောင့်များသာ သုံးလို့ရမှာဖြစ်တယ်။ ကွန်ပြူတာသုံး၍ သာ Meet ကို Record လုပ်နိုင်မှာဖြစ်တယ်။ Mobile app အသုံးပြုသူများ အနေနဲ့ Recording စတင်လျှင် နှင့် ရပ်လျှင် Notify လုပ်မှာဖြစ်တယ်။ ၁။ Meet ကို ဖွင့်ပြီး Meeting တစ်ခုကို Start or Join လုပ်ပါ။ ၂။ More > Record Meeting ကို နှိပ်ပါ။ ၃။ Recording လုပ်ဖို့အတွက် စောင့်ပါ။အခြားသူများ က Recording စတင်လျှင် သို့ ရပ်လျှင် Notify လုပ်ခံရမှာဖြစ်တယ်။ ၄။ More > Stop recording ကို နှိပ်ပြီး ရပ်နိုင်ပါသည်။ Meeting ထဲမှာ အားလုံး ထွက်သွားရင်လဲ Recording သည် ရပ်သွားမည်ဖြစ်သည်။ ၅။ Stop recording ကို ထပ်နှိပ်၍ အတည်ပြုပါ။ ၆။ Record File သည် Meeting Organizer ၏ My Drive > Meet Recording folder အတွင်းသို့ သိမ်းဆည်းသွားမည်ဖြစ်ပြီး Record ၏ Link ကို meeting organizer နှင့် Recording ကိုစတင်သော သူထံသို့ အီးမေလ်းအားဖြင့် လက်ခံရရှိမည်ဖြစ်သည်။ ၎င်း Record File သို့ Link ကို မျှဝေလိုပါက Google Drive အသုံးပြုနည်းပါအတိုင်း ဆောင်ရွက်နိုင်််််ပါသည်။   Video Meeting တခုကို Live Stream လုပ်ခြင်း G-Suite အကောင့်အသုံးပြုသူများသာ ဤ Feature ကိုအသုံးပြုနိုင်မှာဖြစ်တာကို ထပ်ပြောပါရစေ။ Google Meet က View Only live streaming ကို Event တစ်ခုအတွက် လူအယောက် ၁၀၀,၀၀၀ အထိ ဝင်ရောက်ကြည့်ရှု့နိုင်အောင် ပြုလုပ်နိုင်ပါသည်။   Live Stream တစ်ခုကို Set up လုပ်ခြင်း ၁။ https://calendar.google.com/ Google Calendar ကိုဖွင့်ပါ။ ၂။  Create > More options ကို နှိပ်ပါ။ ၃။ Event တစ်ခုကို ရက်၊ အချိန် နှင့် ဖော်ပြချက်အစရှိတဲ့ အချက်အလက်အပြည့်အစုံကို ထည့်သွင်းပြီး ပြုလုပ်ပါ။ ၄။ Video Meeting တွင် ပါဝင်မည့် ပါဝင်သူများအားလုံးကို ထည့်သွင်းပါ။ ပါဝင်သူ ၂၅၀ အထိ ထည့်သွင်းနိုင်ပြီးတော့ ဒီ Event ကို ထည့်သွင်းထားတဲ့ ပါဝင်သူများသည် မြင်နိုင်၊ ကြားနိုင် နှင့် ၎င်းတို့ Screen ကို Present လုပ်နိုင်ပါသည်။ အခြားသော organization မှ သူများကိုလဲ ထည့်နိုင်သည်။ သင် Organization မှ ရှိသော သူများကသာလျှင် Streaming ကို Record လုပ်နိုင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ၅။ Video Meeting ကို ထည့်လိုပါက Add conferencing > Hangouts Meet ကို နှိပ်ပါ။ ၆။ Join Hangouts Meet ရဲ့ဘေးရှိ Down arrow > Add live stream ကို နှိပ်ပါ။ ၇။ View Only guest တွေကို ဖိတ်ခေါ်ဖို့အတွက် Option တစ်ခုကို ရွေးချယ်ပါ။ Copy ကို နှိပ်ပါ။ ရလာသော URL ကို အီးမေလ်သို့ အခြားသော Chat message ကနေမျှဝေနိုင်ပါသည်။ ၈။ Save ကို နှိပ်ပါ။ ၉။ Streaming သည် အလိုအလျောက် မစတင်ပါ။ Meeting အတွင်းမှာ More > Start Streaming ကို နှိပ်မှာသာ စတင်မည်ဖြစ်သည်။   View-only guest များအတွက် Event အပိုတစ်ခု ပြုလုပ်ခြင်း ကြည့်ရှု့ရုံသက်သက် လူများကို ဖိတ်ခေါ်လိုပါက View-only event တစ်ခုကို ပြုလုပ်ရမှာဖြစ်ပါ တယ်။ ထို Event သည် ၎င်းတို့၏ Calendar မှာ Add ထားလိုက်မှာဖြစ်ပြီး View-only guest အတွက် Link တစ်ခုပါပါဝင်မှာဖြစ်ပါတယ်။ လူအယောက် ၁၀၀,၀၀၀ အထိ View-only guest များကို ထည့်နိုင်ပါတယ်။ ၁။ Google Calendar ကို ဖွင့်ပါ။ ၂။ Live stream event ကိုတည်ဆောက်ပါ။ ပြီးနောက် Edit ကို နှိပ်ပါ။ ၃။ အပေါ်မှာ ရှိတဲ့ More actions > Create View-only event ကို နှိပ်ပါ။ ၄။ View-only access အတွက် Guest သို့ Rooms များကို ထည့်ပါ ပြီးနောက် ဖော်ပြချက် ကဲ့သို့သော အခြားသော အချက်အလက်များကို ထည့်ပါ။ ၅။ Save > Send ကို နှိပ်ပါ။   Event တစ်ခုမှ Live stream တစ်ခုအား ဖယ်ရှားခြင်း ၁။ Google Calendar အားဖွင့်ပါ။ ၂။ Live stream event > Edit ကို နှိပ်ပါ။ ၃။ Join with Google Meet ရဲ့ဘေးရှိ Down Arrow > Remove live stream ကို နှိပ်ပါ။ ၄။ Save ကို နှိပ်ပါ။   သိကောင်းစရာ - live streaming ကို ထည့်၍သော်လည်းကောင်း သို့ ဖယ်ရှားတဲ့အခါ Meeting Link က ပြောင်းလဲသွားမှာဖြစ်တယ်။ Updated Link ကို သင့် Guest များကို ပြန်လည် မျှဝေဖို့ သေချာပါစေ။   Live Stream တစ်ခုကို စခြင်း၊ ရပ်ခြင်း ၁။ Google Calendar ကို ဖွင့်ပြီး Meeting ကို ချိတ်ဆက်ပါ။ ၂။ More > Start Streaming ကို ရွေးချယ်ပါ။ ၃။ သင် Streaming ကို စတင်ဖို့ အတည်ပြုဖို့လိုပါတယ်။ Streaming စတင်တဲ့အခါ အပေါ်ဘယ် ဖက်မှာ “Live” ဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေမှာဖြစ်ပါတယ်။ View-only guest တွေက Stream URL ကို အသုံးပြုပြီး ကြည့်ရှု့နိုင်နေပါပြီ။ ၄။ More > Stop Streaming ကိုရွေးချယ်ပါ။ ၅။ Streaming ရပ်ဖို့ အတည်ပြုပါ။   Live-stream event တစ်ခုကို Record လုပ်ခြင်း အပေါ်မှာ သင်ကြားပေးထားတဲ့ Video Meeting တစ်ခုကို Record လုပ်ခြင်း နှင့် အတူတူပင်ဖြစ်သည်။     Live-stream event တစ်ခုကို ကြည့်ရှု့ခြင်း သိကောင်းစရာ - Live-stream link ကို အသုံးပြုနေတဲ့ သူတွေက Meeting ထဲမှာ ပါဝင်နေတဲ့ သူတွေရော၊ Live-stream ကို ဝင်ရောက်ကြည့်ရှု့နေသော အခြားသော သူများကိုပါ အပြန်အလှန် သက်ရောက်မှု ရှိစေတဲ့ သက်ရောက်မှုမျိုး ပြုလုပ်နိုင်မည် မဟုတ်ပဲ၊ ကြည့်ရှု့နိုင်ရုံသာ အသုံးပြုနိုင်မည် ဖြစ်သည်။ Live-stream ကို ကြည့်ရှု့ဖို့  Calendar Event သို့ အီးမေလ်းမှ live-stream link ကို နှိပ်ပါ။ Live stream ကြည့်ရှု့နေစဉ်မှာ သင်သည် Live Playback ကို ရပ်နိုင် စတင်နိုင်သည်။ Playback ၏ အမြန်နှုန်း နှင့် ဗီဒီယို အရည်အသွေးကို ချိန်ညှိနိုင်သည်။ TV နှင့် ချိတ်ဆက်ပြီး Video ကို ကြည့်ရှု့နိုင်သည်။ Full-screen mode သို့ ပြောင်းလဲကြည့်ရှု့နိုင်သည်။

More details

Published - Sat, 08 Oct 2022

Create a Form

Created by - Kyaw Soe Linn

Create a Form

Google Forms မိတ်ဆက် Google Forms က သင် ကို Event Registration တွေ၊ အမေးအဖြေပုံစံ တွေ၊ သင့်စာတန်းအတွက် လိုအပ်တဲ့ အချက်အလက်ကောက်ခံမှုပုံစံတွေ၊ စျေးကွက် လေ့လာချက်တွေ နှင့် အခြားများစွာသော ပုံစံ တွေကို ဖန်တီးစေနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျောင်းသူ ကျောင်းသားတွေ၊ ရုံးလုပ်ငန်းဆောင်ရွက်နေသူများ၊ ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်နေသူများ၊ အစိုးရဝန်ထမ်းများ၊ Executive Level အရာရှိများ၊ စာတန်းပြုစုနေသူများ၊ မားကတ်တင်းသမားတွေအတွက် မရှိမဖြစ် သုံးတက်သင့်တဲ့ Application ဖြစ်တယ်။ သင်ခန်းစာအတွက် သင်ယူချိန် အချိန် မိနစ် (၂၀) ပဲ လိုတယ်။ ကဲ စလိုက်ရအောင်   ဖောင်တစ်ခုဖန်တီးခြင်း ၁။ Option  ၁ ခု ရွေးချယ်ခြင်း https://forms.google.com/ ကိုသွားပါ။ Blank (သို့) Template တစ်ခုကို ရွေးပါ။ (သို့မဟုတ်) https://drive.google.com/  ကိုသွားပါ။ New>More >Google Forms ကိုထောက်ပြီး ဘေးရှိ မျှားကို ထောက်၍ Blank Form (သို့) Template တစ်ခုကို ရွေးပါ။ ၂။ ဖောင်ကို အမည်ပေးပါ။ အပေါ်ဘယ်ထောင့် ရှိ Untitled Form နေရာကို ထောက်၍ သင့် ဖောင်အတွက် အမည် ကို ပေးပါ။ ၃။ (Optional) ဖောင်အတွက် ဖော်ပြချက် Add a Description ကို ဖောင်အမည်၏ အောက်အကွက်တွင်ရေးပါ။ Add a header မှာ ခေါင်းစီးအမည် ကို ရေးပါ။ Change the theme and background color or font style မှာ Theme၊ Background ၊ Font စတာတွေကို စိတ်ကြိုက် ပြင်ဆင်ပါ။ မေးခွန်းများထည့်သွင်းခြင်း အကယ်၍ သင်က Template တစ်ခုကို အသုံးပြုတယ်ဆိုရင် အောက်က “မွေးခွန်းများကိုချိန်ညှိ ခြင်း” ကို ကျော်သွားနိုင်သည်။ မေးခွန်းများကို ထည့်သွင်းမည် ဆိုပါက သင်သည် ဒီ “မေးခွန်းများထည့်သွင်းခြင်း” ကအတိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်။ မှတ်ချက် - ပြုပြင်မှုများအားလုံးကို အလိုအလျောက် မှတ်ထားပြီး ဖြစ်တယ်။ ပြောင်းလဲလိုက်တာတွေကို အချိန်မရွေးကြည့်ဖို့ အပေါ်ညာထောင့်မှာ ရှိတဲ့ Preview ကို နှိပ်ပါ။ ၁။ Untitled Question ကိုနှိပ်ပါ။ သင့်မေးခွန်း ကို ရေးပါ။ သင့် မေးခွန်းအပေါ်မူတည်၍ အကြံပြုချက်တွေကို သင်ရရှိမှာဖြစ်တယ်။ ၂။ (Optional) မေးခွန်းပုံစံပြောင်းလဲရန် Down Arrow . ကို နှိပ်ပြီး Drop Down Menu ကို နှိပ်ပါ။ ၃။ ဖြေဆိုမည်သူအား သင်ဖြေစေချင်တဲ့ Response Options ကို ရွေးပါ။ ၄။ ရွေးချယ်လိုက်သော Response Options အလိုက် ဖြေဆိုရမည့် အဖြေများအတွက် ကြိုက်နှစ်သက်သလို ချိန်ညှိပါ။ ၅။ (Optional) အကယ်၍ သင့်မေးခွန်းတွေ ထဲမှာ မဖြေမဖြစ် ဖြေရန်လိုအပ်သော မေးခွန်းများ အတွက် Required ကို နှိပ်ပါ။ မေးခွန်းများ ထပ်ထည့်လိုပါက- ၆။ Add question ကို နှိပ်ပါ။ အထက်ပါ ၁ မှ ၅ အထိအတိုင်း ဆောင်ရွက်ပါ။ ၇။ အထက်က မေးခွန်းပုံစံအတိုင်း ဆောင်ရွက်လိုပါက Duplicate ကို နှိပ်ပါ။ မေးခွန်းများချိန်ညှိခြင်း ဓါတ်ပုံများ၊ ဗီဒီယိုများ ကို လည်း သင့်မေးခွန်းများတွင် ထည့်သွင်းနိုင်တယ်။ မေးခွန်းများကို အစီအစဉ် ပြန်ချနိုင်တယ်၊ ပြန်ဖျက်နိုင်တယ်။ ၁။  ဖော်ပြပါ Icon ကို ထောက်၍ Drag ဆွဲပြီး မေးခွန်းများကို အစီအစဉ် ချပါ။ ၂။  မေးခွန်းကို ဖျက်ပါ။ ၃။  ကို နှိပ်ပြီး မေးခွန်းနဲ့ ပတ်သက်ပြီး ဖော်ပြချက် များ သို့မဟုတ် သဲလွန်စ တစ်ခုခုပေးချင်ပါက Add a Description ကို နှိပ်ပါ။ အကယ်၍ သင်က သင့်မေးခွန်းတွေ ရဲ့ အစီအစဉ် ကို ကျပန်း သွားလိုပါက Setting>Presentation>Shuffle Option Order ကို Check လုပ်ပါ၊ ပြီးတော့ Save လုပ်ပါ။ ၄။ Add an Image ဖြင့် သင့်မေးခွန်းများ တွင် ပုံများထည့်ခြင်းကို ဆောင်ရွက်နိုင်တယ်။ ၅။ Add Video ဖြင့် YouTube Video တွေ သို့မဟုတ် URL ဖြင့် သင့် ဖောင်ထဲသို့ Video ဖိုင်များ ထည့်သွားကြည့်ပါ။ Choose from Setting သင့်ရဲ့ ဖောင် ကို မည်သူတွေက Access လုပ်နိုင်တယ် ဆိုတာကို ဆုံးဖြတ်ထားနိုင်တယ်။ ပြီးတော့ ၎င်းလူတွေရဲ့ အီးမေလ်းတွေကို လဲ စုဆောင်းနိုင်တယ်။ ပုံမှန်အားဖြင့် သင့်အဖွဲ့အစည်းသို့ ဖောင်မျှဝေခြင်း နှင့် အီးမေလ်းစုဆောင်းခြင်း က ပိတ်ထားနေတက်ပါတယ်။ Setting  > General သို့သွားပြီး အောက်ပါ Option တွေကို ရွေးချယ်ပါ။ Collect Email Address - သင့်ဖောင်ကို Response လုပ်သူတွေရဲ့ Email ကို စုဆောင်းနိုင်ပါတယ်။ Response Receipts - ဖြေဆိုသူမှ ၎င်းဖြေဆိုထားချက် မိတ္တူကိုလက်ခံရရှိမှာ ဖြစ်တယ်။ Restrict to your organization’s users - သင့်ဖောင်ရဲ့ Audience ကို ကန့်သတ်ထားချင်ပါက ယခု Checkလုပ်ထားသော Box ကို Uncheck ပြန်လုပ်ပါ။ Limit to 1 response - ဖြေဆိုမည့်သူတွေ အနေနဲ့ သင့်ဖောင်ကို တစ်ကြိမ်သာ ဖြည့်ခွင့် ရှိပါမည်။ Edit after submit - ဖြေဆိုသူတွေရဲ့ အဖြေတွေကို ဖြေဆိုသူမှ ဖြေဆိုပြီးသည့်တိုင်အောင် ပြင်ဆင်ခွင့်ပေးခြင်း ဖြစ်ပါတယ်။ See summary charts and text response - ဖြေဆိုသူတွေအနေဖြင့် အခြားသူများ ဖြေဆိုခဲ့သည့် အဖြေတွေ၏ အကျဉ်းချုပ်ကို မြင်တွေ့စေမှာ ဖြစ်တယ်။ ဒါတွေကြိုက်နှစ်သက်သလိုပြင်ဆင်ပြီးပါက Save ကို နှိပ်ပါ။   သင့်ဖောင်ကို ဖြေဆိုသူများအား Review နှင့် ပြင်ဆင်ခွင့်ပေးခြင်း ၁။ အပေါ်ညာထောင့်မှာ > Add Collaborators ကို နှိပ်ပါ။ ၂။ Invite People အောက်မှာ သင့် ခွင့်ပြုမည့် Collaborators များ ၏ အီးမေလ်းများကို ထည့်ပါ။ ၃။ Send ကို နှိပ်ပါ။ သင့် Invite လုပ်ထားတဲ့ မည်သူမဆို သင့်ဖောင်ရဲ့ မည်သည့်အစိတ်အပိုင်းကို မဆို ပြင်ဆင်နိုင်ပါတယ်။ သင့်ဖောင်ကို Preview လုပ်ခြင်း သင်သည် သင့်ဖောင်ရဲ့ Setting ကို ပြောင်းလဲမှုတွေပြုလုပ်ပြီးပါက ပြင်ဆင်ချက်များအတွက် Preview ကြည့်ရှု့ နိုင်တယ်။ ၁။ အပေါ်ညာထောင့် ရှိ Preview  ကို နှိပ်ပါ။ Preview က Window အသစ်မှာ မြင်ရမှာ ဖြစ်တယ်။ ၂။ ဖောင်ကို ပြင်ဆင်လိုပါက Edit  ကို နှိပ်ပါ။ သို့မဟုတ် Editing Window သို့ ပြန်သွားပြီး ပြင်ဆင်ပါ။ သင့်ဖောင်ကိုပေးပို့ခြင်း သင့်ဖောင်ကို ပေးပို့ရန် အဆင်သင့်ဖြစ်ပါက အီးမေလ်ဖြင့်သော်လည်းကောင်း၊ သင့်ဖောင်၏ Link ကို Copy/Paste ဖြင့် အီးမေလ်းတွင်လည်းကောင်း၊ Viber, WhatsApp, WeChat, Messenger စတာတွေမှာ လဲ မျှဝေခြင်း ပေးပို့ခြင်းတို့ဆောင်ရွက်နိုင်တယ်။ ဒါအပြင် Website မှာ Embed လုပ်ပြီးတော့လဲ မျှဝေနိုင်သလို Social Media မှာလဲ မျှဝေနိုင်ပါတယ်။ ၁။ အပေါ်ညာထောင့်ရှိ Send ကို နှိပ်ပါ။ ၂။ (Optional) ဖြေဆိုသူ အီးမေလ်းများကို စုဆောင်းလိုပါက Option တစ်ခုကို ရွေးချယ်ပါ။ အကယ်၍ သင့်ဖောင်သည့် သင့်အဖွဲ့အစည်းအတွက် ပဲဖြစ်တယ်ဆိုရင် Email To မှာ သင့်အသင်းအဖွဲ့ရဲ့ group email သော်လည်းကောင်း၊ တစ်ဦးချင်းစီ Email များသော်လည်းကောင်း ထည့်ပါ။ အကယ်၍ သင်က အပြင် public သို့ မျှဝေတာဆိုရင် Collect Email Address ကို Check လုပ်ပါ။ ၃။ သင့်ဖောင်ကို မည်သို့ ပေးပို့ချင်သည်ကို ရွေးချယ်ပါ။ (a) Email – Email နေရာတွင် ပေးပို့မည့် Email များကို ထည့်ပါ။ သင့်အနေနဲက Subject နှင့် message content တွေကို ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး ပေးပို့နိုင်ပါတယ်။             (b) Link  - Link ကို တိုတောင်းတဲ့ Link ဖြစ်အောင် Shorten URL ကို Check လုပ်၍ တိုနိုင်သည်။ Copy ကို နှိပ်ပြီး သင်ပေးပို့ချင်သော နေရာတွင် Paste လုပ်ပြီး ပေးပို့နိုင်သည်။             (c) Website Content – Embed ကို နှိပ်ပါ။ Website တို့ Blog တို့မှာ ပေါ်လာမည့် Inline         Frame Dimension ကို ချိန်ညှိနိုင်တယ်။ Copy ကို နှိပ်ပြီး မျှဝေလိုတဲ့ Website၊ Blog             တွေမှာ HTML ကို Paste လုပ်ပြီး မျှဝေနိုင်တယ်။             (d) Social Media – Facebook သို့ Twitter မှာ မျှဝေနိုင်ဖို့ ၎င်း Icon တွေကို နှိပ်ပါ။ တုံ့ပြန်မှုစုဆောင်ခြင်း ကို ခဏရပ်ခြင်း/အပြီးရပ်ခြင်း ဖောင်အသစ်တစ်ခုကို ဖန်တီးလိုက်သည်နှင့် Response Collection သည် အလိုအလျောက် ဖွင့်ထားပြီး ဖြစ်သည်။ သင့်အနေဖြင့် ၎င်းကို ခဏရပ်ထားနိုင်/ အပြီးရပ်ထားနိုင်သည်။ ၁။ သင့်ဖောင်တွင် Responses ကို နှိပ်ပါ။ ၂။ Accepting responses ကို နှိပ်ပါ။ Not accepting response သို့ ပြောင်းသွားပါလိမ့်မည်။ ၃။ (Optional) အကယ်၍ ဖြေဆိုလိုသူများက reply လုပ်ဖို့ကြိုးစားပါက သင့်ရပ်ထားရသည့် အကြောင်းရင်းတစ်ခုခုကို Message for respondents တွင် ထည့်ပါ။ ဥပမာအားဖြင့် “ This form is currently paused. Please try again later”   See responses in Forms သင်သည် သင့်ဖောင်အတွက် ဖြေဆိုချက်များအားလုံးအတွက် အကျဉ်းချုပ်ကို ကြည့်နိုင်သလို၊ တစ်ဦးချင်းစီ၏ Response ကိုလဲ Response Tab တွင် ကြည့်ရှု့နိုင်သည်။ Individual Response တွေကို ကြည့်ဖို့ Individual’s Email ကို နှိပ်ပါ။ Sheets ဖြင့် Response တွေကို ကြည့်ခြင်း တုန့်ပြန်မှုတွေကို ပိုမို ပြီး ခွဲခြမ်းစိတ်ဖြာလိုပါက Spreadsheet တစ်ခု အဖြစ်သို့ ပြောင်းလဲပြီး ကြည့်ရှု့နိုင်သည်။ ဒီ Spreadsheet သည် သင့်ဖောင်နှင့် Link ချိတ်နေသည်ဖြစ်၍ Real time မှာ သင့် Response တွေအတွက် sheet မှာလဲ Update ဖြစ်နေပါမည်။   Spreadsheet အသစ်သို့ Response များပေးပို့ခြင်း ၁။ Forms ရှိ Responses tab မှာ More ကို နှိပ်ပြီး Response destination ကို ရွေးပါ။ ၂။ Create a new spreadsheet ကို ရွေးပါ။ ၃။ (Optional)အမည်ပြောင်းဖို့ ၊ ကြိုက်နှစ်သက်ရာ အမည်တစ်ခုထည့်ပါ။ ၄။ Create ကို နှိပ်ပါ။   ရှိရင်းစွဲ Spreadsheet တစ်ခု သို့ Response များထည့်ခြင်း ၁။ Forms ရှိ Responses tab မှာ More ကို နှိပ်ပြီး Response destination ကို ရွေးပါ။ ၂။ Create New Spreadsheet ကို ရွေးပါ။ ၃။ (Optional)အမည်ပြောင်းဖို့ ၊ ကြိုက်နှစ်သက်ရာ အမည်တစ်ခုထည့်ပါ။ ၄။ သင့်ထည့်လိုတဲ့ Spreadsheet ကို ရွေးပါ။ သင် ဖောင်မှ Spreadsheet ကို ဖွင့်ရန် Response Tab မှ Sheet  ကို နှိပ်ပါ။ Window အသစ်တစ်ခုမှာ ပွင့်လာမှာ ဖြစ်ပါသည်။ Spreadsheet သို့ Responses များပေးပို့ခြင်း အား ရပ်တန့်ခြင်း ၁။ Responses Tab မှာ More  ကို နှိပ်ပါ။ ပြီးနောက် Unlink form ကို နှိပ်ပါ။ ၂။ အတည်ပြုရန် Unlink ကို နှိပ်ပါ။   CSV File အနေဖြင့် ဒေါင်းလုပ်ဆွဲခြင်း အခြားသော Program မှာ Response တွေကို ခွဲခြမ်းစိတ်ဖြာဖို့ CSV ဖိုင်အနေဖြင့် ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ Response Tab ရှိ More  ကို နှိပ်ပါ။ Download Responses (.csv) ကို နှိပ်ပါ။ ဖောင်နှင့် Response ကို Print ထုတ်ခြင်း ၁။ သင် Print ထုတ်ချင်တဲ့ Content ရှိရာသို့ သွားပါ။ ၂။ အကယ်၍ သင်က မေးခွန်းများ သို့ တစ်ဦးချင်းစီရဲ့ အဖြေလွှာများကို Print ထုတ်လိုပါက အပေါ်မှာ ရှိတဲ့ More ကို နှိပ်ပါ။ Print ကို နှိပ်ပါ။ ၃။ အကယ်၍ သင်က Response တွေ၏ အကျဉ်းချုပ်ကို Print ထုတ်လိုပါက File>Print ကို နှိပ်ပါ။ ၄။ Printing Setting ကို ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး Print ကို နှိပ်ပါ။  

More details

Published - Sat, 08 Oct 2022

Work with Team on Google Site

Created by - Kyaw Soe Linn

Work with Team on Google Site

Site တစ်ခုကို မျှဝေခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း Google Workspace ရဲ့ အားသားချက်အတိုင်း ဘာဖိုင်ကိုပဲ လုပ်လုပ် အဖွဲ့လိုက် Real Time တစ်ချိန်တည်း ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။ ၎င်း File တွေအားလုံးက မူလ စတင် Create လုပ်လိုက်တဲ့ သူရဲ့ Google Drive အတွင်းရှိနေမည်ဖြစ်သည် သို့မဟုတ် Shared Drive အတွင်းရှိနေမည် ဖြစ်သည်။ Site တစ်ခုကိုလဲ ပူးတွဲဆောင်ရွက်မည့် Collaborator များ အား မျှဝေထားနိုင်ပြီး တစ်ချိန်တည်းမှာ Content များ ပြင်ဆင်၊ ထည့်သွင်းနိုင်သည်။   Option တစ်ခုကို ရွေးချယ်ပါ. Google Sites အတွင်းရောက်နေပြီး Site တစ်ခုကို မျှဝေလိုပါက Add People  ကို နှိပ်ပါ။ Drive အတွင်းရောက်နေပြီး Site တစ်ခုကို မျှဝေလိုပါက ၎င်း Site ကို Select လုပ်ပြီး Share  ကို နှိပ်ပါ။ သင်၏ Site ကို မျှဝေလိုသော သူများကို ရွေးချယ်ပါ။ Add people & Group နေရာတွင် သင်ထည့်သွင်းလိုသော သို့မဟုတ် သင်မျှဝေလိုသော သို့မဟုတ် ၎င်း Site အတွက် ပူးပေါင်းဆောင်ရွက်လိုသော သူများ၏ အီးမေလ်းများကို ထည့်သွင်းပါ။ ထည့်သွင်းလိုက်တဲ့ သူအား ပူးပေါင်းဆောင်ရွက်စေလိုပါက Edit ကို ရွေးပါ။ View အနေဖြင့်ပဲ ထားမည်ဆိုပါက Published Viewer ကိုရွေးပါ။ ပြီးနောက် Send ကို နှိပ်ပါ။ Link အနေဖြင့် မျှဝေသည့်အခါ Draft တွင် Restricted ကို ရွေးပါက အပေါ်တွင် မျှဝေထားသော သူများမှ လွဲ၍ ကျန်သူများ မှ ပြင်ဆင်ခြင်း၊ ထည့်သွင်းခြင်းများကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ သင်၏ Organization Name အားရွေးပါက ၎င်း Organizationn Group အတွင်းရှိသော သူများမှ ​ ပြင်ဆင်ခြင်း၊ ထည့်သွင်းခြင်းများကို ဆောင်ရွက်နိုင်မည်။ Anyone with the link ကိုရွေးပါက ကိုယ့် Site သို့ ရောက်ရှိသော Link ကို သိသော သူ မှန်သမျှ ၎င်း Site ကို ပြင်ဆင်ခြင်း၊ ထည့်သွင်းခြင်းများကို ဆောင်ရွက်နိုင်မည်။ Published Site ကို - Restricted လုပ်ထားပါက အပေါ်တွင် မျှဝေထားသော သူများမှ လွဲ၍ ကျန်သူများ မှ ဝင်ရောက်ကြည့်ရှု့နိုင်မည် မဟုတ်ပါ။ သင်၏ Organization Name အားရွေးပါက ၎င်း Organizationn Group အတွင်းရှိသော သူများမှ ဝင်ရောက်ကြည့်ရှု့နိုင်မည် ဖြစ်သည်။ Public ကို ရွေးပါက ကိုယ့် Site သို့ ရောက်ရှိသော Link ကို သိသော သူ မှန်သမျှ ၎င်း Site ကို ဝင်ရောက်ကြည့်ရှု့နိုင်မည်ဖြစ်သည်။ အားလုံးပြီးစီးပါက Done ကို နှိပ်ပါ။ Site ကိုမျှဝေထားမှုကို ရပ်ခြင်း Site တစ်ခုကိုဖွင့်၍ အပေါ်တွင် Share ကို နှိပ်ပါ။ Access ရှိသော သူ၏ ဘေးရှိ Drop Down Arrow ကို နှိပ်ပြီး Remove ကို နှိပ်ပါ။ Save ကို နှိပ်ပါ။ Preview & Publish Site ထဲမှာ Page တွေ Menu တွေလဲ တည်ဆောက်ပြီးတဲ့အခါ၊ Layout မျိုးစုံသုံးပြီးတော့ ကိုယ် ပုံဖော်လိုတဲ့ Content တည်ဆောက်မှုတွေ လဲ ပြီးစီးတဲ့အခါ၊ Collaborator တွေနဲ့ မိမိ Site ကို မျှဝေ သုံးစွဲ၊ ပူးပေါင်း ဆောင်ရွက်ပြီးစီးတဲ့အခါမှာ အခုမှာတော့ Site ကို preview လုပ်ခြင်း နှင့် Publish လုပ်ခြင်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။   Preview ပြုလုပ်ခြင်း Site ကို Publish မလုပ်ခင် ဘယ်လိုပုံပေါ်နေလဲဆိုတာကို Preview ဖြင့် အရင်စစ်ဆေးဖို့ လိုပါတယ်။ အကယ်လို့ Laptop သို့မဟုတ် PC မှာ Site တစ်ခုကို တည်ဆောက်ပြီးတော့ Mobile Phone နဲ့ ပြန်ကြည့်တဲ့အခါမှာ ပြုလုပ်ထားတဲ့ Layout များသည် အလိုအလျောက် Mobile Phone Screen နဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် View ကို ချိန်ညှိပေးပါတယ်။ ဒါကြောင့်မို့ Preview လုပ်တဲ့အခါမှာ မည်သည့် Device တွင်မဆို ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Preview  ကို နှိပ်ပါ။ Device မျိုးစုံတွင် မည်ကဲ့သို့ မြင်တွေ့ရမည်ကို ကြည့်နိုင်ဖို့အတွက် Option တစ်ခုကို ရွေးချယ်ပါ- Phone Tablet Large Screen Close ကို နှိပ်ပြီး Preview စကရင်ကနေ ပြန်ထွက်နိုင်ပါတယ်။ Publish Site Name ကို ပေးထားခြင်းဖြင့် သင်က Site ကို Publish လုပ်လိုက်တဲ့အခါမှာ Site Name အတိုင်း Site URL ကထွက်လာမှာ ဖြစ်ပါတယ်။ Letter တွေ၊ နံပါတ်တွေ နှင့် Dashes တွေကိုသာ Site Name အဖြစ် သုံးနိုင်ပါသည်။ URL ၏ အစတွင် သင်၏ Organization’s Domain အမည် ပါဝင်နေမည် ဖြစ်ပြီး ၎င်းကို ပြောင်းလဲ၍ မရနိုင်ပါ။ Publish လုပ်သွားပြီးရင်လဲ သင်၏ Site ကို ပြင်ဆင်နိုင်ဦးမှာ ဖြစ်တယ်။ Publish ကို နှိပ်ပါ။ URL အဆုံးအတွက် အမည်တစ်ခုကို ပေးပါ။ အချို့သော အသုံးအနှုန်းများ ဥပမာ support၊ admin ကဲ့သို့သော အသုံးအနှုန်းများ အသုံးပြု၍ မရပါ။ Save ကို နှိပ်ပါ။ မှတ်ချက်။ Publish လုပ်ပြီးတဲ့အခါမှာ သင်က ၎င်း Publish လုပ်ထားတဲ့ Site ရဲ့ Link ကို Copy လုပ်ပြီး ကြိုက်နှစ်သက်ရာ နေရာတွင် Paste လုပ်၍ မျှဝေနိုင်ပါသည်။   URL ပြောင်းလဲခြင်း Site ၏ URL ကိုအချိန်မရွေးပြောင်းလဲနိုင်သည်။ အကယ်၍ ပြောင်းလဲလိုက်ပါက အရင် URL အဟောင်းသည် အလုပ်လုပ်တော့မည် မဟုတ်ပါ။ Publish ၏ ဘေး Down Arrow ကို နှိပ်ပြီး Publish Setting ကို နှိပ်ပါ။ URL အမည် အသစ်တစ်ခုကို ရေးပါ။ Save ကို နှိပ်ပါ။ Unpublish သင့် site ကို Online မဖြစ်စေချင်တော့ဘူး ဆိုလျှင် Unpublish လုပ်နိုင်ပါသည်။ သို့သော် သင်ကတော့ သင့် Site ကို ဝင်ရောက်နိုင်ဦးမှာ ဖြစ်ပြီး ၎င်းအထဲရှိ Content များ Page များကို ပြင်ဆင် ထည့်သွင်းနိုင်ဦးမည် ဖြစ်သည်။ မည်သည့် အချိန်တွင်မဆို သင်က ပြင်ဆင်ထားသော သင့် Site ကို တစ်ဖန် ပြန်ပြီးတော့ Republish လုပ်နိုင်မည် ဖြစ်ပြီး URL များ ထပ်ပြောင်းနိုင်၊ ယခင် URL ကိုပဲ ဆက်ပြီး သုံးနိုင် စသည်ဖြင့် ကြိုက်နှစ်သက်သလို ပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ Publish ရဲ့ ဘေး Down Arrow ကို နှိပ်ပါ Unpublish ကို နှိပ်ပါ။ သင့် Site အတွင်းရှာဖွေခြင်း သင့် Site က Page တစ်ခုထပ် ပိုလာပြီး page များစွာ ဖြစ်လာပါက Publish လုပ်ထားတဲ့ သင့် Site မှာ ရှာလိုသည့် အရာများကို Search Box အားဖြင့် ရှာဖွေနိုင်သည်။ Google Site Website တစ်ခုကို သွားပါ။ အပေါ်ညာထောင့်တွင် Search ကို နှိပ်ပါ။ ရှာလိုသည့် အကြောင်းအရာ သို့မဟုတ် စာသားဖြင့် ရိုက်ထည့်ပြီး Enter ကို နှိပ်ပါ။    

More details

Published - Sat, 08 Oct 2022

Popular blogs

Professional Email Signature

Created by - Kyaw Soe Linn

Professional Email Signature

Email Signature တခုရဲ့ အရေးပါမှု အီးမေလ်းလက်မှတ် (Email Signature) တခုဆိုတာ သင်အီးမေလ်းတစောင်ပို့လိုက်တိုင်းမှာ သင့်ရဲ့လိပ်စာကဒ်လေးကို ထည့်ပေးလိုက်သလိုပါပဲ။ ဒါလေးက သပ်ရပ်ပြီး ပရောဖက်ရှင်နယ်ဆန်နေမယ်ဆိုရင် လက်ခံရရှိတဲ့ သူအနေနဲ့ သင့်ကိုသော်လည်းကောင်း၊ သင့်လုပ်ငန်း၊ သင့်ကုမ္ပဏီအပေါ်မှာ လေးစားမှုနဲ့ ယုံကြည်မှု အတိုင်းအတာတခုကို ရရှိမှာ မလွဲမသွေပါပဲ။ အလားအလာရှိတဲ့ ဖောက်သည်တယောက်စီကိုပို့တဲ့အခါမှာ Email Signature ဟာ ပိုလို့တောင်လိုအပ်ပြီးတော့ ဒါကိုပြင်ဆင်ဖို့လဲ မိနစ်အနည်းငယ်မျှသာ လိုအပ်ပြီးတော့ လုပ်ဖို့လည်း လွယ်ကူပါတယ်။ အီးမေလ်းလက်မှတ် အရေးကြီးရခြင်း အကြောင်းရင်း (၅) ခု တရားဝင်မှု နှင့် ပရောဖက်ရှင်နယ်ဆန်မှု - ကုမ္ပဏီရဲ့ တရားဝင်ဝက်ဆိုဒ်တွေ၊ အသိအမှတ်ပြုလက်မှတ်တွေကို Link အနေနဲ့ သို့မဟုတ် ဓါတ်ပုံအနေနဲ့ ထည့်သွင်းဖော်ပြနိုင်တော့ သင့်လုပ်ငန်းဟာကောင်းစွာတည်ဆောက်ထားတယ်ဆိုတဲ့ Message ကိုပေးပါတယ်။ Brand အမှတ်ရမှု - အသွင်အပြင်တူတဲ့ Email Signature တခုကို သင့်ကုမ္ပဏီအတွင်းမှာရှိတဲ့ ဝန်ထမ်းတိုင်းကို သုံးစေတဲ့အခါမှာ သူတို့ပို့လိုက်တဲ့ အီးမေလ်းတိုင်းကို လက်ခံရရှိတဲ့ သူတိုင်းမှာ သင်ရဲ့ အမှတ်တံဆိပ်ကို အမှတ်ရရှိမှုတခုကို ရရှိမှာဖြစ်ပြီး ဒါဟာသင့်လုပ်ငန်းအတွက် မရှိမဖြစ်ပါပဲ။ Digital Business Card - အီးမေလ်းလက်မှတ်ဆိုတာ တနည်းအားဖြင့် ဒစ်ဂျစ်တယ်လိပ်စာကဒ်တခုပါပဲ။ ဒါက သင့်ရဲ့ ဖောက်သည်တွေနဲ့ လွယ်ကူစွာ အဆက်အသွယ်ဖြစ်စေဖို့ နည်းလမ်းဖြစ်သလို အခွင့်အလမ်းတွေများစွာ သယ်လာနိုင်တဲ့ ဆက်သွယ်မှုတခုဖြစ်နိုင်ပါတယ်။ Personal Association - အီးမေလ်းလက်မှတ်မှာ Profile Picture တခုကို ထည့်သွင်းခြင်းဟာ လက်ခံရရှိတဲ့ တဖက်လူရဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုတခုကို ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ Hyperlink၊ Call to Action (CTA)၊ Social Media Icon - အီးမေလ်းလက်ခံရရှိတဲ့သူတွေအနေကို ဝင်ကြည့်စေချင်တဲ့ webpage တွေရှိတာပဲဖြစ်ဖြစ်၊ Click တချက်နဲ့ Action တခုကို ဆောင်ရွက်စေချင်တာပဲဖြစ်ဖြစ် ရှိလာခဲ့ရင် Email Signature မှာ Hyperlink တွေ Call to Action (CTA) တွေ၊ Social Link တွေက များစွာ အထောက်အပံ ဖြစ်စေမှာဖြစ်ပါတယ်။ ဥပမာ - ဖုန်းနဲ့ Order တင်စေချင်တဲ့အခါ Call Now ဆိုတဲ့ CTA ထည့်ပေးတာမျိုးပေါ့။ Email Signature တခုဘယ်လိုဖန်တီးမလဲကို ဤလင့်ဒ် ပါအတိုင်းဆောင်ရွက်နိုင်ပါတယ်။  

More details

Published - Thu, 23 Jun 2022

Search
Popular categories
Latest blogs
Essential Tools On Google Earth
Essential Tools On Google Earth
Historical Imagery ပထမဆုံးသင်ခန်းစာအနေကို Historical Imagery ဖြင့် စတင်ပါမည်။ Historical Imagery Tool သည် မှန်ကန်တဲ့ အခြေအနေမျိုးမှာ အသုံးပြုလျှင် လွန်စွာအသုံးတည့် တဲ့ Tool တစ်ခု ဖြစ်ပါသည်။ ၎င်းဟာ အချိန်နှင့်အမျှ မြေပြင်အနေအထား ပြောင်းလဲသွားမှု ကို လေ့လာနိုင်ပါတယ်။ ဥပမာ အနေဖြင့် ရန်ကုန်မြို့ မှာရှိတဲ့ Junction Square နှင့် Time City တည်ဆောက်သွားတဲ့ အဆင့်ဆင့်ကို Historical Imagery Tool အသုံးပြုပြီး လေ့လာကြည့်နိုင်ပါတယ်။ Historical Imagery က Tool Bar ထဲက အောက်ပါရုပ်ပုံပါ Tool ဖြစ်ပါတယ်။ Click ပြုလုပ်ပါက Screen ၏ ဝဲဘက်အပေါ်တွင် Timeline ကို ရွေးချယ်ပြီး ကြည့်ရှု့ နိုင်မည် ဖြစ်ပါသည်။ ရည်ရွယ်ချက် Junction Square ကို Google Earth တွင် ရှာဖွေရန် နှင့် နှစ်အလိုက်/လအလိုက် ပြောင်းလဲသွားပုံကို လေ့လာနိုင်ရန် အတွက်ဖြစ်ပါသည်။   လုပ်ဆောင်ပုံအဆင့်ဆင့် ၀ဲဘက် အပေါ်ထောင့်ရှိ Search Box တွင် “Junction Square” ဟုစာရိုက်ပြီး ရှာဖွေပါ။ JS ကိုမြင်တွေ့ ရပြီဆိုလျှင် Tool Bar ရှိ “Show Historical Imagery” Tool ကိုရွေးချယ်ပြီးပါက     ပုံတွင်ပြထားသည့်အတိုင်း Scroll Bar တစ်ခု ကို မြင်ရမည်ဖြစ်ပါသည်။ ၎င်း Scroll Bar ကို အသုံးပြီးပြီး နှစ်အလိုက်၊ လအလိုက်၊ နေ့အလိုက် မြေပြင်အနေအထား  မပြောင်းလဲမှီ နှင့် ပြောင်းလဲပြီးပုံများ ကို ကြည့်ရှု့ နိုင်ပါသည်။ JS မှမဟုတ်ပဲ အခြားကိုယ်စိတ်ကြိုက်နေရာများအား ရှာဖွေပြီး Historical Imagery Tool ကိုအသုံးပြု၍ မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားပုံများကို ကြည့်ရှု့ ပြီး လေ့ကျင့်ကြည့်ပါ။   Placemark ဖန်တီးခြင်း Placemark ကို Google Earth တွင်များစွာအသုံးပြုနိုင်ပြီး အဓိကအားဖြင့် အသုံးပြုသူ စိတ်ဝင်စားသော နေရာများကို မှတ်သားရာတွင် အသုံးပြုပါသည်။ ဥပမာအားဖြင့် အသုံးပြုသူ စိတ်ဝင်စားသော စီမံကိန်း နေရာပဲ ဖြစ်ဖြစ်၊ ဟိုတယ် (၁) လုံး၏ တည်နေရာပဲဖြစ်ဖြစ် မှတ်သားထား နိုင်ပါသည်။ ကိုယ်ပိုင်ဖန်တီးမှတ်သားထားသော Placemark မဟုတ်ပဲ၊ Google Earth တွင် ရှိပြီးသား Placemark တစ်ခုကို Click ပြုလုပ်ပါက ၎င်း Placemark ၏ အချက်အလက်များ၊ ပုံများ၊ ဖွင့်လှစ်ချိန်များ၊ ဗီဒီယိုဖြင့် ဖော်ပြချက်များ၊ လိပ်စာများ၊ Review များ အစရှိသည်ဖြင့် တွေ့ မြင်ရမှာ ပဲဖြစ်ပါသည်။ လုပ်ဆောင်ပုံအဆင့်ဆင့် Search Box မှာ Junction Square ကိုရှာဖွေပါ။ Tool Bar ထဲမှ အောက်ဖော်ပြပါပုံပါအတိုင်း Add a Placemark ကိုရွေးချယ်ပါ။ ထို့နောက် New Placemark Window တစ်ခုပေါ်လာတာကို Fig 5 ပါအတိုင်းမြင်တွေ့ရမယ် ဖြစ်ပြီး ၎င်း Window မှာ သင့်ရဲ့ Placemark ရဲ့ အချက်အလက်များ ထည့်သွင်းရမှပဲ ဖြစ်ပါသည်။ Untitled Placemark အား သင်ကြိုက်နှစ်သက်ရာ နံမည်တစ်ခု ပြောင်း လဲရေးသားပါ။ ကျွန်တော်ကတော့ JS ရှေ့က ပန်းခြံလေးကို ထောက်ပြီး “Recreation Park” လို့ ရေးလိုက်ပါတယ်။ ၎င်း Window ကို ခဏထားပြီး Window အပြင်ဖက် မှာ ပေါ်လာတဲ့ အဝါရောင် Pin အား Left Click ထောက်ပြီး မိမိလိုချင်သော နေရာသို့ ပြောင်းရွှေ့ပါ။ ကျွန်တော်ကတော့ ရေပန်းအပေါက်ရှိ တဲ့ လမ်းထောင့်ဘက်ကို ရွှေ့ လိုက်ပါတယ်။ ပြီးတော့ OK နှိပ်လိုက်ပါ။  အကယ်၍ သင်ဖန်တီးခဲ့တဲ့ Placemark ကို ပြန်လည်ပြုပြင်ချင်ပါက လုပ်ဆောင်နိုင်သော နည်းလမ်းများရှိပါတယ်။ မြေပုံမှာ ပေါ်နေတဲ့ ၎င်း Placemark ကို right-click ထောက်၍သော် လည်းကောင်း၊ Side Bar အတွင်းရှိ ၎င်း Placemark ကို right-click ထောက်၍သော်လည်းကောင်း  ပြန်လည်ပြင်ဆင်နိုင်ပါသည်။ နံမည်ပဲ ချိန်းချင်ပါက right-click ထောက်၍ Rename ဖြင့် ပြောင်းလဲ နိုင်ပါသည်။ Placemark ကို နေရာချိန်းချင်ပါက Placemark Window ကို ဖော်ပြီးမှသာလျှင် ချိန်းနိုင်မည်ဖြစ်ပါသည်။ အကယ်၍ Placemark ၏ symbol ကို ပြောင်းလဲချင်ပါက Placemark Window ၏ ညာဘက်အပေါ်ထောင့် တွင်ရှိသော အဝါရောင် Pin Icon ကို ထောက်ပြီး Fig 6 ပါအတိုင်း ပြောင်းလဲနိုင်ပါသည်။ Pin Symbol ကို Default ပါဝင်သော Icon များပြောင်းလဲအသုံးပြုနိုင်ပြီး၊ Scale၊ Color ၊ Opacity များကို စိတ်ကြိုက် ပြောင်းလဲနိုင်ပါသည်။ အကယ်၍ သင်သည် သင့်စိတ်ကြိုက် Icon ကို ရွေးချယ်ထည့်သွင်းလိုပါက “Add Custom Icon” ကိုရွေးချယ်ပြီး မိမိကွန်ပြူတာအတွင်းရှိ PNG ဖိုင်များကို ထည့်သွင်းနိုင်ပါသည်။ Placemark တခုအား ဖော်ပြချက် ရေးသားခြင်း Edit Placemark Window ထဲမှ ရှိတဲ့ Description Tab အတွင်းမှာတော့ သင့်ရဲ့ Placemark နဲ့ ပတ်သက်တဲ့ စာသားများ၊ အသံများ၊ ဗီဒီယိုများ၊ ဓါတ်ပုံများ များကို ထည့်သွင်းနိုင်ပါတယ်။ Link များ၊ image URL များ နှင့် ကိုယ်ပိုင်ပုံများလဲ ထည့်သွင်းထားနိုင်ပါသည်။ ဒီထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကို သင့် မြေပုံကို Navigate ပြုလုပ်စဉ် ၎င်း Placemark ကို click ပြုလုပ်ခြင်း အားဖြင့် ကြည့်ရှု့ နိုင်မှပဲ ဖြစ်ပါတယ်။ ဘေးနားက Style/Color Tab ထဲမှာတော့ Label နဲ့ Icon ကို Edit လုပ်နိုင်မှာပဲ ဖြစ်ပါသည်။ အခုဆိုရင်တော့ သင်ဟာ သင်အခုပဲ ဖန်တီးလိုက်တဲ့ Placemark ထဲကို အချက်အလက်အချို့ ထည့်သွင်းနိုင်ပြီပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဓါတ်ပုံများထည့်သွင်းခြင်း အကယ်၍ သင့်သည် သင့် Placemark အတွက် Link ချိတ်စရာ Online Image မရှိဘူးဆိုပါက၊ သင့်၏ ကွန်ပြူတာထဲမှာရှိသော ကိုယ်ပိုင်ဓါတ်ပုံများကို ထည့်သွင်းနိုင်ပါသည်။ သင့်ဖန်တီးထားတဲ့ Placemark ရဲ့  Edit Placemark Window ကို ဖွင့်ပြီး Add Local Image ကို Click လုပ်ပါ။ သင့်ကွန်ပြူတာဖိုင်ထဲမှ ထည့်သွင်းလိုသော ဓါတ်ပုံကို select ပြီး OK ကို နှိပ်ပါ။ ကျွန်တော်ကတော့ ခုနဖန်တီးခဲ့တဲ့ Recreation Park Placemark ထဲကို ၎င်းနှင့်သက်ဆိုင်သော ပုံတစ်ပုံ ထည့်သွင်းလိုက်ပြီး၊ မြေပုံတွင် Placemark ကို Click လုပ်ပါက မိမိတင်ထားသော ဓါတ်ပုံနှင့်အတူ Fig 8 တွင်ဖော်ပြသည့်အတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်။ Menu Bar - Add Tab မှ ဓါတ်ပုံများထည့်သွင်းခြင်း မြေပုံပေါ်တွင် ဓါတ်ပုံကို ထည့်သွင်းဖော်ပြလိုပါက အောက်တွင်ဖော်ပြထားသည့်အတိုင်း Menu Bar- Add Tab ထဲဝင်ပြီး Photo ကို ရွေးချယ်ပါ။ New Photo Overlay Window ပေါ်လာမှာ ဖြစ်ပါတယ်။ Browse မှ တဆင့် သင့်စိတ်ကြိုက် ဓါတ်ပုံကို ရွေးချယ်ထည့်သွင်းပါ။ ထိုနောက် navigation bar သို့မဟုတ် Keyboard/Mouse အသုံးပြု၍ သင်လိုချင်သော Eye-Altitude ကို ရွေးချယ်ပြီး OK ကို နှိပ်ပါ။ ကျန်တဲ့ Setting တွေကို Default အနေအထားဖြင့်သာ ထားပြီး ကျွမ်းကျင်သွားပါက လေ့ကျင့်ကြည့်ပါ။ Image Overlay ထည့်သွင်းခြင်း မြေပုံပေါ်မှာ ဥပမာအားဖြင့် သင့်စီမံကိန်း ကို နေရာချထားကြည့်ချင်တယ်ဆိုရင်တော့ သင့် Project Top View ကို Google Earth ပေါ်မှာ Image ဖိုင်ဖြင့် Image Overlay ကို အသုံးပြုပြီး ထည့်သွင်းနိုင် ပါသည်။ အောက်ဖော်ပြထားသည့်အတိုင်း Add Menu > Image Overlay သို့ဝင်ရောက်ပြီး မိမိတင်လိုသော Image ကို ရွေးချယ်ထည့်သွင်းပြီး မြေပုံတွင် ပေါ်လာသော Image အကွက် အား Mouse သို့မဟုတ် Touchpad အသုံးပြုပြီး တည်နေရာရွှေ့ပြောင်းခြင်း၊ စကေးချုံ့ ခြင်း၊ ချဲ့ ခြင်း၊ Rotate ပြုလုပ်ခြင်းတို့ ကို အသုံးပြီးပြီး မိမိ ထည့်သွင်းလိုသော နေရာကို ရွေးချယ်ပါ။ စိတ်ကြိုက် ချိန်ညှိပြီးပါက OK ကို နှိပ်ပါ။ Polygon များရေးဆွဲခြင်း Google Earth ရဲ့ အကောင်းဆုံး Feature တစ်ခု ဖြစ်တဲ့ Polygon Tool ကို အသုံးပြုပြီး မိမိလိုချင်သော မြေနေရာ၏ ဧရိယာများ၊ Parameter များ အား အလွယ်တကူတိုင်းတာ ပုံထုတ်နိုင် ပါတယ်။ Tool Bar > Add Polygon ကိုရွေးချယ်ပါက Edit New Polygon Window ကျလာမှဖြစ်ပြီး၊ မြေပုံတွင် ပေါ်လာမည့် လေ့ထောင့်ပုံ Cursor ကို အသုံးပြုပြီး မြေပုံတွင် ကိုယ် တိုင်းတာလိုသော မြေနေရာ အနားသတ်လိုင်းအတိုင်း Polygon တစ်ခုကို ရေးဆွဲပါ။ ကျွန်တော်ကတော့ Junction Square ဧရိယာကို ဥပမာအနေဖြင့် တိုင်းတာမှာပဲ ဖြစ်ပါတယ်။ Polygon နံမည် တစ်ခုပေးပြီး Style/Color Tab တွင် Parameter Line Color, Opacity, Width အားလည်းကောင်း၊ Area Color ကို Opacity တို့ကို စိတ်ကြိုက် ပြင်ဆင်ကြည့်ပါ။ ပြီးပါက OK ကိုနှိပ်ပါ။ Add Link, Add web Image, Add Local Image အစရှိသည့် Tool များကို Placemark သင်ခန်းစာတွင် ပါဝင်သည့်အတိုင်း ထည့်သွင်းနိုင်ပါသည်။   Measurement များတိုင်းကြည့်ခြင်း သင့်ရေးဆွဲခဲ့သော Polygon များ၏ အတိုင်းအတာများကို ကြည့်ရှု့ ချင်ပါက Edit Polygon Window ကို ဖွင့်ပြီး Measurements Tab တွင် Parameter နှင့် Area များအတွက် Unit စုံစုံလင်လင် ဖြင့် ပြောင်းလဲကြည့်ရှု့ နိုင်မည် ဖြစ်ပါသည်။ အကယ်၍ သင်က ရေးဆွဲထားသော Polygon ကို Edit ပြုလုပ်ချင်ပါက Edit Polygon Window ကို ဖွင့်ထားရမည်ဖြစ်ပြီး မြေပုံပေါ်ရှိ Polygon အနားသတ်ရှိ အနီရောင် အစက်လေးများရှိသော  ထောင့်များကို Cursor ထောက်ပြီး Drag ပြုလုပ်၍ စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။ နောက်ထက် အမှတ်များ ထည့်သွင်းလိုပါက/နောက်ထက် ထောင့်များ ထည့်သွင်းလိုပါက ထည့်သွင်းလိုသော  နေရာတွင် Click ပြုလုပ်ရုံသာ ဖြစ်ပြီး၊ ပိုနေသော/မလိုသော Point များ ဖျောက်ချင်ပါက ဖျက်လိုသော Point ပေါ်တွင် Right-Click ပြုလုပ်၍ ဖျက်နိုင်ပါသည်။ Path လမ်းကြောင်းများရေးဆွဲခြင်း Google Earth တွင် လမ်းကြောင်း တစ်ခု ကို ရေးဆွဲနိုင်ပြီး၊ မိမိသွားမည် ခရီး၊ လမ်းလျှောက်ရမည့် အတိုင်းအတာများ စသည်တို့ ကို တိုင်းတာနိုင်ပါသည်။ Tool Bar ထဲမှ “Add Path” ကိုရွေးချယ် ပြီး မြေပုံပေါ်တွင် စိတ်ကြိုက်လမ်းကြောင်း တစ်ခုကို ဆွဲပါ။ ဥပမာအားဖြင့် အောက်ပုံတွင်ပြထားသည့်အတိုင်း Point A မှ Point B သို့ လမ်းကြောင်းတစ်ခု ဖြင့် ရေးဆွဲပြထားပါသည်။ Line Color, Add Link, Add web Image, Add Local Image အစရှိသည့် Tool များကို Placemark သင်ခန်းစာတွင် ပါဝင်သည့်အတိုင်း ထည့်သွင်းနိုင်ပါသည်။ Measurement Tab တွင် မိမိ ဖန်တီးထားသော Path လမ်းကြောင်း၏ အလျှားကို Unit စုံစုံလင် လင်ဖြင့် ကြည့်ရှု့ နိုင်ပါသည်။   Evaluation များတိုင်းတာခြင်း မိမိဖန်တီးထားသော Path လမ်းကြောင်း၏ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် ကို Google Earth ပေါ်တွင် Show Elevation Profile ဖြင့် တိုင်းတာနိုင်ပါသည်။ မိမိဖန်တီးထားသော Path လမ်းကြောင်းပေါ် သို့ မဟုတ် Place Module အတွင်းရှိ ထို Path လမ်းကြောင်း ပေါ်တွင် Right Click ပြုလုပ်ပြီး Show Elevation Profile ကို Click ပါ။ Elevation Profile ကိုအောက်ပုံ ပါ Graph အတိုင်းမြင်တွေ့ ရမည်ဖြစ်ပြီး၊ ဆွဲထားသော လမ်းကြောင်းအလိုက်  မြေမျက်နှာ အနိမ့်အမြင့်များကို ကြည့်ရှု့ နိုင်မှာ ဖြစ်ပါသည်။ Record a Tour Google Earth ပေါ်တွင် မိမိ သွားရမည့် ခရီး သို့မဟုတ် လမ်းကြောင်း တစ်ခု ကို မြေပုံပေါ်တွင် ဖော် ပြသော Video များကို “Record a Tour” ကို အသုံးပြုပြီး မှတ်တမ်းတင်နိုင်ပါသည်။ ဒီ Function က ကိုယ်သွားမယ့်/သွားပြီးတဲ့ ခရီးလမ်းကြောင်းတွေ ကြည့်တာမျိုး ဖြစ်ဖြစ်၊ ခရီးသွားလုပ်ငန်းတွေ အနေဖြင့် မိမိတို့ စီစဉ်ထားတဲ့ ခရီးလမ်းကြောင်း၊ Tracking လမ်းကြောင်းတွေကို ပြောပြရာတွင် အသုံးတည့်နိုင်ပါသည်။ Tool Bar ရှိ Record a Tour ကို Click ပြုလုပ်ပါ။ မြေပုံ ရဲ့ ဝဲဘက်ထောင့် တွင် Record Bar ပေါ်လာပါမည်။ Video Record နှင့် Audio Record နှစ်ခုလုံးပြုလုပ်နိုင်ပါသည်။ Record ကို on ထားပြီးပါက မိမိစိတ်ကြိုက် Record ပြုလုပ်နိုင်ပြီး Record အား နောက်ထက် Click တစ်ချက်ဖြင့် Stop နိုင်ပြီး မိမိ Record လုပ်ထားသည်များကို ပြန်လည် ကြည့်ရှု့ နိုင် (သို့) Edit Tour Window တွင် နံမည်ပေးပြီး Save ပြုလုပ်နိုင်ပါသည်။ Show Sunlight Across Landscape Google Earth တွင် နေညအချိန်ကို Show Sunlight across Landscape Tool ကို အသုံးပြုပြီး ပြောင်းလဲကြည့်ရှု့ နိုင်ပါသည်။ Switch Between Earth, Sky, and other Planets Google Earth နောက်ထက် သဘောကျဖို့ ကောင်းတဲ့ Tool တစ်ခုက ကမ္ဘာမြေ အပြင် ကောင်းကင်ရှိ ကြယ်များ၊ မားစ်ဂြိုလ် နှင့် လ ကို “Switch Between Earth, Sky and other planet” Tool ကို အသုံးပြုပြီး ကြည့်ရှု့ နိုင်ခြင်းပဲ ဖြစ်ပါတယ်။ Google Earth က Navigation Bar အသုံးပြုနည်းအတိုင်း ဖြစ်ပါသည်။ စမ်းပြီး လေ့ကျင့်ကြည့်ပါ။ လေ့လာကြည့်လို့ ရတာတွေ အများ ကြီးပါပဲ။ Ruler Google Earth တွင် “Ruler” Tool ကို အသုံးပြုပြီး Line, Path, Polygon, Circle များ ၏ အတိုင်း အတာများကို အလွယ်တကူ တိုင်းတာနိုင်ပြီး 3D Path နှင့် 3D Polygon များ၏ အတိုင်းအတာများ ကို တိုင်းတာမည် ဆိုပါက Side Bar > Layer Module ရှိ “3D Building” ကို on ထားရမည် ဖြစ်ပါသည်။ Fig 17 တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ ရှိ အီဖယ်တာဝါ ၏ သုံးဖက်မြင် ပုံရှိ ဘေးတိုက် အမြင့် အား တိုင်းတာပြထားပါသည်။ မိမိတိုင်းတာလိုသော အနားကို Add Path မှာအတိုင်း Click ထောက်ပြီး တိုင်းတာရုံပါပဲ။ Mouse အသုံးပြုပြီး မိမိတိုင်းလိုသော မြင်ကွင်းကို ချိန်ထားရပါမည်။ မြန်မာနိုင်ငံမှတော့ 3D Building များ သိပ်မရှိသေးပါဘူး၊ ဒါကြောင့် မြန်မာနိုင်ငံ က အဆောက်အဦး များကိုတော့ တိုင်းတာလို့ မရသေးပါဘူး။ GPS အကယ်လို့ Garmin, Magellan, Wintec တို့လို GPS Device တွေထဲက Data တွေ သို့မဟုတ် ကိုယ် ကွန်ပြူတာထဲ က GPS ဒေတာတွေကို ထည့်သွင်းလိုပါက Menu Bar ရှိ Add > GPS ကို နှိပ်ပြီး Waypoint, Trucks, Routes စတာတွေကို Import လုပ်ပြီး output အဖြစ် KML ဖိုင်အဖြစ် ထုတ်နိုင်ပါသည်။ Flight Stimulator Google Earth မှာ လေယာဉ်မောင်းလို့ရပါတယ်။ Menu Bar ရှိ Tool > Enter Flight Stimulator ကို နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ လေယာဉ် တစ်စီးကို ရွေး၊ Start Position ကို ရွေးပြီး Start Flight ကို နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ မြို့အပေါ်မှာ ပျံသန်းလိုက်ပါ။ Help ကိုနှိပ်ပြီး ဘယ်လို ပျံသန်းရတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။ Other Utilities Email Google Earth တွင် မိမိပြုလုပ်ထားသော Screenshot, Current View နှင့် ဖန်တီးထားသော Placemark များ ကို Email အား kmz ဖိုင်ဖြင့် အီးမေလ်းပေးပို့ နိုင်ပါသည်။ Tool Bar ရှိ Email Tool ဖြင့် သော်လည်းကောင်း၊ Places Module ရှိ Placemark များကို Right Click> Email ဖြင့် သော်လည်းကောင်း၊ Placemark များကို Right Click > Save Place as ဖြင့် kmz ဖိုင်အား save ပြီး Email application တစ်ခုခု အသုံးပြုပြီး Email ပေးပို့ နိုင်ပါသည်။ Print Tool Bar ရှိ Print Tool ကို အသုံးပြုပြီး မိမိလိုချင်သော မြင်ကွင်းများကို ပုံထုတ်နိုင်ပါသည်။ Map Option တွင် Element, Styling များရွေးချယ်နိုင်ပြီး၊ Page Set up တွင် Print ထုတ်လိုသော စာရွက်ဆိုဒ်များ ရွေးချယ်နိုင်ပါသည်။ သို့မဟုတ် Save ပြုလုပ်နိုင်ပါသည်။ Map ပေါ်တွင် ပေါ်လာသော Title များ Edit ပြုလုပ်ခြင်း၊ Legend များ အား Edit လုပ်ခြင်းတို့ အား ပြုလုပ်နိုင်ပြီး စိတ်ကြိုက် ပြင်ဆင်ပြီးပါက Print သို့မဟုတ် Save PDF ပြုလုပ်နိုင်ပါသည်။ Save Image Save Image Tool သည်လည်း Print Tool နှင့် အလားတူဖြစ်ပါသည်။ Map Option များရွေးချယ်ခြင်း၊ Resolution ရွေးချယ်ခြင်း (အများဆုံး ၄၈၀၀ x ၂၈၂၃ ထိ) တို့ ပြုလုပ်နိုင်ပြီး Save ပြုလုပ်နိုင်ပါသည်။ Views in Google Maps Google Earth သည် Google Map နှင့် ချိတ်ဆက်ထားပြီး Views in Google Maps Tool အသုံးပြုပြီး လက်ရှိ Current View ကို Google Map တွင် ကြည့်ရှု့ နိုင်ပါသည်။   Street View Navigation Bar အတွင်းရှိ အောက်ဖော်ပြပါ လူပုံကို အသုံးပြုပြီး Google Street View ကို ကြည့်ရှ့ နိုင်ပါသည်။ ထိုလူပုံကို Click ဖိထားပါက မြေပုံပေါ်တွင် အပြာရောင် Spot များ သို့မဟုတ် လမ်းကြောင်းများ မြင်တွေ့ ရပါလိမ့်မည်။ ၎င်းနေရာများကို ထိုလူပုံအား Drag and Enter Street View ဆွဲချပြီး Street View ကို ကြည့်ရှု နိုင်ပါသည်။ Place Module အားစီမံခန့်ခွဲခြင်း မိမိ၏ စီမံကိန်းတစ်ခု သို့ လုပ်ငန်းတစ်ခု သို့ ခေါင်းစဉ် တစ်ခုအောက်တွင် ပါဝင်သော မိမိပြုလုပ်ထား  သော Placemark များ၊ Polygons၊ လမ်ကြောင်းများ Tool bar အားဖြင့် ပြုလုပ်ထားသော အမှတ် အသားများကို Side Bar > Place Module > My Places > right click > Folder ဖြင့် စုစည်း သိမ်းဆည်းထားနိုင်သလို ၎င်း Folder လိုက်အား .kmz ဖိုင်ဖြင့် သော်လည်းကောင်း၊ Email ပို့၍ သော်လည်းကောင်း မျှဝေခြင်းတို့ ကို ပြုလုပ်နိုင်ပြီး၊ ဖွဲ့ စည်းထားသော Folder ထဲသို့ ထည့်လိုသော အမှတ်အသားများကို Place Modules အတွင်း Drag ပြုလုပ်ပြီး ထည့်သွင်းထားနိုင်ပါသည်။ ၎င်း Folder သို့ အမှတ်အသား တစ်ခု အား ဘေးတွင် ပါဝင်သော စတုရန်းကွက် အားဖြင့် on/off ပြုလုပ်နိုင်ပါသည်။ Geospatial Data များ ထည့်သွင်းခြင်း Geospatial Data များအား များစွာသော Geospatial ဝက်ဆိုက်ဒ်များတွင် ရှာဖွေ ဒေါင်းလုဒ် ပြု လုပ်နိုင်ပါသည်။ မြန်မာနိုင်ငံနှင့် အချက်အလက်များကို ဥပမာအားဖြင့် Myanmar Information Management Unit (MIMU) လို ဝက်ဆိုဒ် များတွင် ရရှိနိုင်ပြီး ရရှိလာသော ဖိုင်များအား Google Earth တွင် File > Import တွင် ထည့်သွင်း ပြီး အသုံးပြုနိုင်ပါသည်။   Google Earth Wikipedia အကြောင်း လေ့လာချင်ပါက https://en.wikipedia.org/wiki/Google_Earth  တွင် ဖတ်ရှု့ လေ့လာနိုင်ပါသည်။ ယခုသင်ခန်းစာ သည် Google Earth အသုံးပြုပုံ အခြေခံ ကို လေ့လာသိရှိစေရန် ရည်ရွယ်ပြီး၊ အထက်ပါ Website တွင် ကျွမ်းကျင်မှု ရှိစေရန် ဆက်လက်လေ့လာနိုင်ပါသည်။ လေ့လာသူ အားလုံး အသုံးတည့်ပါစေရန် မျှော်လင့်မိပါသည်။

Sun, 09 Oct 2022

All blogs